မင်းသားချောလေးနက္ခတ်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေခဲ့တဲ့ နက္ခတ်ကတော့ ယခုမှာလည်း ကျွန်တော်အမုန်းဆုံးကျွန်တော်ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

Photo credit : Nat Khat 's facebook account
Photo credit : Nat Khat 's facebook account

တတ်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နက္ခတ်ကတော့ အေးဆေးတည်ငြိမ်ပြီး အနေအထိုင်အေးတဲ့ မင်းသားလေးတစ်လက်ပဲ ဖြစ်ပါတယ်။ နက္ခတ်ကတော့ ပုဂံရောက်ရောက်ချင်း ဖျားပေမယ့် ဆေးထိုးပြီး ရိုက်ခဲ့ရတဲ့အခန်းလေးတွေ အကြောင်းကိုပြောပြလာခဲ့ပါတယ်။

Photo credit : Nat Khat 's facebook account
Photo credit : Nat Khat 's facebook account
Photo credit : Nat Khat 's facebook account

သူမကတော့ " ကျွန်တော် အမုန်းဆုံး ကျွန်တော် ဇာတ်လမ်းတွဲရိုက်ရတဲ့ နေ့တွေထဲ ကအမှတ်တရဖြစ်ဆုံးနေ့လေး တစ်နေ့ ပုဂံ ရောက်ရောက်ချင်း ဖျားလို့ ဆေးထိုးပြီးရိုက်ရတဲ့အခန်းလေးတွေ " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နက္ခတ်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source : Nat Khat 's facebook account 

Photo credit : Nat Khat 's facebook account
Photo credit : Nat Khat 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။