အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း ချစ်ရတဲ့မိသားစုကိုလည်း အချိန်ပေးဂရုစိုက်ကာ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကလည်း ဆယ်ကျော်သက်အရွယ်လေးရောက်ရှိနေပြီဖြစ်လို့ သားအမိနှစ်ယောက်ကတော့ ညီအစ်မတွေလိုမျိုးဆက်ဆံကြပြီး ဘယ်အရာမဆို တက်ညီလက်ညီနဲ့ စိတ်တူကိုယ်တူပါပဲနော်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

ထိပ်ထိပ်လေးကလည်း မေမေ့ရဲ့သွေးအပြည့်ပါတာကြောင့် အနုပညာအလုပ်တွေကိုဝါသနာပါပြီး ကြော်ငြာလေးတွေအနည်းငယ်ရိုက်ကူးထားတာဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သမီးကို လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးပြီး လုံခြုံနွေးထွေးတဲ့မေတ္တာတွေပေးတာကြောင့် ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ကတော့ အမြဲစိတ်ချမ်းသာပြီး ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

လတ်တလောမှာဆိုရင်တော့ ခိုင်သင်းကြည်တို့မိသားစုက ချောင်းသာကမ်းခြေကိုရောက်ရှိနေကြပြီး မိသားစုသုံးယောက် ပျော်ပျော်ပါးပါးနဲ့အပန်းဖြေနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်က အိမ်ထောင်ဦးစီးကြီးရဲ့ လက်မောင်းတစ်ဖက်စီပေါ်မှာ အိပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုတွေကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

Source&Photo Credit:Khine Thin Kyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။