၂၀၂၀ ခုနစ် AFC Cup ပြိုင်ပွဲ အုပ်စု(H) ပြိုင်ပွဲတစ်ပွဲအဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အင်ဒိုနီးရှားစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ် ( မြန်မာစံတော်ချိန်မွန်းလွဲ ၃နာရီ ) အချိန်တွင် အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ်မာကာဆာ နှင့် ရှမ်းယူနိုက်တက်အသင်းတို့ဟာ ဂျာကာတာမြို့ရှိ မက်ဒ်ရာဘောလုံးကွင်းကြီးထဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်အသင်းကို ဖိအားပေးတိုက်တက်စစ်ဆင်ကစားရာကနေ (၃-၁) ဂိုးဖြင့် အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ်မာကာဆာ ကအနိုင်ရရှိခဲ့ပါတယ်။

Photo Credit -Shan United FC Facebook Page
Photo Credit -Shan United FC Facebook Page

ယင်းပွဲစဉ်မှာ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်မာကာဆာ အသင်းအတွက် အဖွင့် ဂိုးကို ပထမပိုင်း ပွဲစချိန် ၃ မိနစ်တွင် ခေါင်းတိုက်ဘောဖြင့် Giancarlo Lopes က သွင်းယူပေးခဲ့ပါတယ်။ယင်းနောက် နှစ်ဖက်အသင်းက ဂိုးရရှိရေးအတွက် အပြန်အလှန်တိုက်စစ်ဆင်ကစားမှုတွေနဲ့အတူ ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်မှာ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်မာကာဆာအသင်း က (၁-ဝ) ဂိုးဖြင့် ဦးဆောင်ထားခဲ့ပါတယ်။

Photo Credit -Shan United FC Facebook Page
Photo Credit -Shan United FC Facebook Page

ဒုတိယပိုင်းမှာတော့ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်မာကာဆာအသင်းက နောက်ထပ်ဂိုးကို ပွဲချိန် ၅၃ မိနစ် အချိန်မှာ Yakob Sayuri က သွင်းယူပေးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ပြန်လည်ချေပဂိုးတစ်ဂိုးကို Htet Phyoe Wai က ပွဲချိန် ၇၈ မိနစ်မှာ အဝေးကန်သွင်းမှုကနေ ဂိုးရှိခဲ့ပါတယ်။ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်မာကာဆာအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၀ မိနစ် ပြည့်လို့ အချိန်ပို ၄ မိနစ်မှာ Sinaga က သွင်းယူကာ ပွဲချိန်ပြီးဆုံးချိန်မှာတော့ အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်မာကာဆာအသင်းက ရှမ်းယူနိုက်တက်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။

Photo Credit -Shan United FC Facebook Page
Photo Credit -Shan United FC Facebook Page

Source & Photo Credit -Shan United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။