မင်းသမီးချောလေးမယ်လိုဒီကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

photo credit : Melody Myo 's facebook account
photo credit : Melody Myo 's facebook account

ယခုမှာတော့ မယ်လိုဒီသားလေးဟာ EDM သီချင်းတွေဖွင့်ပြီး အားပါးတရနဲ့ အပီအပြင်ကခုန်နေခဲ့ပါတယ်။ သူမကတော့ " EDM ပွဲတစ်ခါမှမသွားဖူးသေးဘူးသူငယ်ချင်းတွေကလဲ အလုပ်ကိုဖိပြီးလုပ်နေတဲ့သူနဲ့ကလေးတွေထိမ်းရင်းမအားတဲ့သူနဲ့ဒါနဲ့ဘဲ EDM ပွဲဆိုတာ ဘာမှန်းမသိ အထိအတွေ့မရှိဘူးပေါ့နော် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Melody Myo 's facebook account
photo credit : Melody Myo 's facebook account

သူမကတော့ " ခုတော့ EDM ပွဲအတူသွားဖို့ ချာတိတ်အလန်းလေး တစ်ယောက်တွေ့ပြီလေဒါပေမယ့် သူကရင် Video ရိုက်ပေးရတယ်ရှင့်သာယာသောနေ့လေးပါရှင့် " ဆိုပြီး သားလေးရဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မယ်လိုဒီသားလေးရဲ့ ချစ်စရာပုံစံလေးနဲ့ ကပြနေတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

source: Melody Myo 's facebook account 

photo credit : Melody Myo 's facebook account
photo credit : Melody Myo 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။