မင်းသမီးချောလေး ခြူးလေးကတော့ ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ရင်ထဲမှာစတင်ပြီး နေရာယူခဲ့တာ ဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခြူးလေးက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခြူးလေးက ကျရာဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် ဖန်တီးနိုင်စွမ်းရှိတာကြောင့် အခုလိုအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc

မျက်နှာလေးကလည်း ချောမောလှပသလို Body လေးကလည်း အပြစ်ဆိုဖွယ်မရှိတဲ့ ခြူးလေးက ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ ချစ်ခင်ရတဲ့အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အမာခံပရိသတ်တွေရရှိထားတဲ့ ခြူးလေးက လတ်တလောမှာတော့ ဇာတ်လမ်းတွဲအသစ်တွေအပြင် ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။ အခုလည်း ခြူးလေးက သူမရဲ့ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေကို တင်ပေးထားပါတယ်။

Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc

ခြူးလေးက " မှန်ကြည့် လိုက်တိုင်း ..... မင်းကိုဘဲ မြင်နေတယ် ...."ဆိုပြီး ရိုက်ကူးရေးနားတုန်းမှာ ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဘေဘီခြူးလေးကတော့ အမြဲတမ်းလိုလိုဖက်ရှင်ကျကျလှနေတာဖြစ်ပြီး အကြည့်တစ်ချက်နဲ့တောင် ဖမ်းစားနိုင်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ချစ်စရာကောင်းတဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Chue Chue's FB Acc 

Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။