လင်းဇာနည်ဇော်ရဲ့တစ်ဦးတည်းသောသမီးလေးမြူလင်းကိုကိုကတော့ အမေတူသမီးလေးဖြစ်လို့ အနုပညာမှာလည်းဝါသနာပါပြီး အလှအပမှာဆိုရင်လည်း တမူထူးခြားတဲ့အလှပိုင်ရှင်လေးဖြစ်ပါတယ်။မြူလင်းကိုကိုရဲ့အလှလေးက ကြည်လင်အေးချမ်းပြီး အရုပ်မလေးလိုအရမ်းချစ်ဖို့ကောင်းတာကြောင့် ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါအရမ်းချစ်ပြီးအားပေးနေကြတာဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်ကလည်းယနေ့အချိန်ထိတိုင် သမီးလေးနဲ့ညီအစ်မတွေလို့ ထင်မှတ်ရလောက်အောင်နုပျိုနေတာပါ။
မြူလင်းကိုကိုက လတ်တလောမှာဆိုရင်မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီး မေမေတို့ရဲ့စီးပွားရေးတွေကို တတ်နိုင်သလောက်ကူညီပေးနေတဲ့သမီးလိမ္မာလေးဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း သမီးလေးနဲ့အတူ Shopping တွေအတူတူထွက်ပြီး မုန့်တွေအတူတူသွားစားဖို့ အဖော်လေးရလာပြီဖြစ်လို့ အရမ်းပျော်ရွှင်နေတာပါ။ပရိသတ်တွေကလည်း လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။
မြူလင်းလေးကတော့ အနုပညာသွေးအပြည့်စီးဆင်းနေတာကြောင့် အနုပညာကိုဝါသနာပါပြီး မင်းသမီးဖြစ်ချင်တဲ့သူတစ်ယောက်ပါနော်။မြူလင်းလေးကတော့ အသက်(၂၂)နှစ်အရွယ်လို့မထင်ရဘဲ ဆယ်ကျော်သက်အရွယ်လေးလို နုဖတ်ပျိုမျစ်နေပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသည်းယားစရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပိုစ့်ပေးကြမ်းနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Myu Lin Ko Ko's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။