ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေနဲ့ ချစ်ခင်မှုတွေကို အများဆုံးရရှိထားပြီး ယောကျ်ားလေးပရိသတ်တွေကပါ လေးစားအားကျရတဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို သူ့ရဲ့ လူကြီးလူကောင်းဆန်ဆန် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပုံရိပ်တွေနဲ့ စိတ်နေစိတ်ထားတွေ၊ ပရိသတ်တွေရဲ့ စနောက်မှုတွေကိုလည်း အပြုံးမပျက် တုန့်ပြန်တတ်တာတွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေး ချစ်ခင်နေကြတာပါ..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မကြာခင် လာမယ့် မတ်လ(၅)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် သူ့ရဲ့ အမိုက်စား ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားမှာလည်း မင်းသမီးချောလေး ပိုးမမှီသာနဲ့အတူ သရုပ်ဆောင်ထားပြီး Red Carpet Show ကို ဖေဖော်ဝါရီ(၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ဇာတ်ကားရဲ့ အခမ်းအနားပွဲကို အခြားအနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြပြီး စိုင်းစိုင်းကတော့ ယောကျ်ားပီသကာ ဆွဲဆောင်မှုရှိပြီး တည်ကြည်ခန့်ညားတဲ့ ဟန်ပန်ပုံရိပ်တွေနဲ့ တက်ရောက်ကာ ပျိုမဒီလေးတွေရဲ့ အသည်းတွေကို သိမ်းပိုက်လိုက်ပြန်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

လူကြီးလူကောင်းဆန်ဆန် စမတ်ကျတဲ့ ဖက်ရှင်တွေနဲ့ လိုက်ဖက်ညီစွာ ပွဲတက်လာတဲ့ စိုင်းစိုင်းကတော့ အပြုံးလေးတွေနဲ့လည်း ပရိသတ်တွေကို ကြိုဆိုနှုတ်ဆက်ကာ ပရိသတ်တွေကိုလည်း အချစ်ပိုစေတာလည်း အားလုံး မြင်တွေ့ရမှာပါနော်..။

ကဲ.. ပရိသတ်ကြီးရေ ဒီကနေ့လေးမှာတော့ ပရိသတ်တွေအသည်းကျော် လူပျိုကြီး စိုင်းစိုင်းရဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာမို့ ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။