ပရိသတ်ကြီးရေ.. မကြာခင်မှာ ရုံတင်ပြသတော့မယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ရဲ့ သင်္ကြန်အမိုက်စား ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လူငယ်ပရိသတ်တွေကြား အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်..။

ဇာတ်ကားရုံမတင်ခင်ကတည်းက ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းရဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၆)ရက်နေ့ ညနေ(၆)နာရီက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

မင်းသမီးချောလေးပိုးမမှီသာ အေးမြတ်သူတို့နဲ့အတူ ရိုက်ကူးထားတဲ့ စိုင်းစိုင်းရဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို ဖေဖော်ဝါရီ(၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အခြားအနုပညာရှင်များစွာနဲ့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း တက်ရောက် ချီးမြှင့်ခဲ့ပါတယ်..။

သင်္ကြန်အငွေ့အသက်တွေကြား အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုသီချင်းများနဲ့ စီခြယ်ထားတဲ့ စိုင်းစိုင်းရဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဦးဖြိုးမင်းသိန်းက ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ကာ ချီးမြှင့်ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပြီး ပရိသတ်တွေ ကြိတ်ကြိတ်တိုးနေတဲ့ အခမ်းအနားပွဲအလယ်မှာလည်း အားလုံးကို အပြုံးတွေနဲ့ နှုတ်ဆက်ခဲ့ပါသေးတယ်..။


Photo By Myanmarload
Photo By Myanmarload

ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ ပရိသတ်အချစ်တော်လေး စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ဟန်ပန်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုကာ ကြည်နူးနေရမယ့် “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားကိုတော့ မကြာခင်လာမယ့် မတ်လ(၅)ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး အမိုက်စားလေးတွေနဲ့ မြင်တွေ့ရမှာပါနော်..။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကား အခမ်းအနားပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာမို့ ပြန်လည်တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - ပိတောက်ကတဲ့ဂီတ FB Page

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။