အဆိုတော်မိစန္ဒီကတော့ ကိုယ်ပိုင်သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သီချင်းသစ်လေးတွေထွက်ရှိထားတဲ့ rapperမလေးမိစန္ဒီကတော့ ယခုမှာ သီချင်းသစ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြနေတဲ့ ကြိုးစားနေတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ သူမကတော့ ယခုမှာ PIXY Myanmar အတွက် ကြော်ငြာလေးကို ရိုက်ကူးနေခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဝိုင်းလေး အိမ့်ချစ်တို့နဲ့အတူ ဂျပန်ရိုးရာဝတ်စုံလေးတွေ ဆင်တူဝတ်ဆင်ပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ကြော်ငြာလေးကို ရိုက်ကူးနေခဲ့ပါတယ်။

photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page

သူမကတော့ " PIXY Myanmar အတွက် Shooting အမှတ်တရ..ချစ်စရာ အဆိုတော်မလေးတွေပါပေါ့နော်တချိန်လုံး စားလိုက်သောက်လိုက် ရိုက်လိုက် နဲ့..ဗိုက်တွေကို တင်းလို့ နောက်လည်း shooting တိုင်း မုန့် အများကြီးစားရပါစေ.. Hee hee " ဆိုပြီး ရေးသားထားခဲ့ရာ ချစ်ပရိသတ်တွေအတွက် မိစန္ဒီတို့သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Mi Sandi 's facebook page 

photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။