ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ကျရာဇာတ်ရုပ်မှာပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ်ခံပညာလည်းတတ်တဲ့သူတစ်ယောက်ဖြစ်လို့ ဖိုက်တင်ခန်းတွေမှာဆိုလည်း အရမ်းမိုက်ပါတယ်နော်။မင်းရာဇာကတော့ ချစ်ဇနီးလေးကိုလည်းအရမ်းချစ်ပြီး ကြင်နာယုယကာ နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။မင်းရာဇာက သားသမီးနှစ်ယောက်ကိုလည်း အားတဲ့အချိန်တိုင်းမှာ အတူတူဆော့ကစားပေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အချိန်တွေကိုကုန်ဆုံးတာဖြစ်ပါတယ်။

Photo Credit:Min Yar Zar's Facebook Account
Photo Credit:Min Yar Zar's Facebook Account
Photo Credit:Min Yar Zar's Facebook Account

မင်းရာဇာရဲ့သမီးကြီးလေးကလည်း အရမ်းပဲချစ်စရာကောင်းသလို သားငယ်လေးကလည်း မင်းရာဇာနဲ့တူပါတယ်နော်။မင်းရာဇာကတော့ သားနဲ့သမီးကို အရမ်းချစ်ပြီး ဖခင်ကောင်းပီသစွာနဲ့ အစစအရာရာလိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားဆဲပါနော်။

Photo Credit:Min Yar Zar's Facebook Account
Photo Credit:Min Yar Zar's Facebook Account
Photo Credit:Min Yar Zar's Facebook Account

မင်းရာဇာကတော့ အားကစားကိုလည်း အထူးလိုက်စားတာကြောင့် တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ထားတာပါနော်။အခုဆိုရင်တော့ မင်းရာဇာက သမီးနဲ့ချစ်ဇနီးချောလေးကို လက်ဝှေ့ထိုးသင်ပေးနေပြီး "သင်တန်းသားနှစ်ဦးလက်ခံမိပါတယ် တစ်ယောက်ကဆရာ တစ်ယောက် master တဲ့"လို့ ရေးသားထားကာ မိသားစုသုံးယောက် အပြင်းအထန်လေ့ကျင့်နေကြတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Min Yar Zar's Facebook Account
Photo Credit:Min Yar Zar's Facebook Account
Photo Credit:Min Yar Zar's Facebook Account

Source&Photo Credit:Min Yar Zar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။