မင်းသမီးချောလေး မအေးသောင်းကတော့ VCD ခေတ်ကတည်းက အားပေးဝန်းရံသူပရိသတ်တွေ အခိုင်အမာရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းအဖြစ်ကနေ မအေးသောင်းအဖြစ် တစ်ခေတ်ပြန်လည်ရေပန်းစားလာခဲ့တဲ့ သူမက မြန်မာဆန်ဆန်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို လှုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ အခုချိန်အထိ မပြောင်းမလဲဘဲ လှနေဆဲဖြစ်တဲ့ မအေးသောင်းက ပုရိသတွေရဲ့အသည်းကျော်လေးလည်း ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc

ကျစ်လစ်လှပတဲ့ Body အချိုးအစားပိုင်ရှင်လေး မအေးသောင်းက လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုတော့ မအေးသောင်းက ပရိသတ်တွေအချစ်ပိုသွားစေမယ့် ပုံစံလေးနဲ့ Tik Tok ကစားပြထားတာ ဖြစ်ပါတယ်။ မအေးသောင်းက ချစ်စရာပုံစံလေးနဲ့ ရိုက်ကူးထားတဲ့ သူမရဲ့ဗီဒီယိုလေးကို Tik Tok မှာတင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc

ဒီဗီဒီယိုလေးမှာတော့ မအေးသောင်းက ရုပ်ဆိုးဆိုးပုံစံကြီးကနေ ခပ်ချောချောကောင်မလေးအဖြစ် ပုံစံပြောင်းလဲပြလိုက်ပြီး Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ ဆံနွယ်လေးတွေလေမှာဝဲခါသွားလောက်အောင် အိုက်တင်လေးတွေလုပ်ပြထားတဲ့ မအေးသောင်းကတော့ ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မအေးသောင်းရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Aye Thaung's Tik Tok Acc  

Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။