အနုပညာလောကထဲကို အသက်ငယ်ငယ်လေးထဲက ဝင်ရောက်လာခဲ့ပြီး ပရိသတ်အချစ်တွေကို အရယူသိမ်းပိုက်ထားတဲ့သူလေးကတော့ မင်းသမီးချောလေး ယွန်းယွန်းပဲဖြစ်ပါတယ်။ သူမရဲ့ ဆံနွယ်ရှည်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ကောင်းမွန်ပြီး လိမ္မာရေးခြားရှိတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ သူမရဲ့ ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးကြောင့်လည်း ပုရိသပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။

Photo Credit - Yoon Yoon's FB account
Photo Credit - Yoon Yoon's FB account

မင်သမီးချောလေး ယွန်းယွန်းဟာ မကြာသေးမီကမှသူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "လည်လည်ထွက်မယ် "ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ရိုးရှင်းလှပတဲ့ အကျီလေးကို ဝတ်ဆင်ပြီး လှပတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပါပဲနော် ။ မင်းသမီးချောလေးယွန်းယွန်းဟာယခုလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီးခရီးတွေလည်းထွက်နေတာဖြစ်ပါတယ်။

Photo Credit - Yoon Yoon's FB account
Photo Credit - Yoon Yoon's FB account

ပရိတ်သတ်ကြီးလည်း ယွန်းယွန်းဆက်လက်လှုပ်ရှားမယ့် အနုပညာလုပ်ငန်းတွေကို ဆက်လက်အားပေးပြီး သူမကိုလည်း အရင်ကထက်ပိုချစ်ပေးကြမယ်မလား။ ချစ်ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ယွန်းယွန်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ သူမရဲ့ ပုံလေးတွေကို ကြည့်ရင်း အသည်လေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit - Yoon Yoon's FB account
Photo Credit - Yoon Yoon's FB account
Photo Credit - Yoon Yoon's FB account

Source & Photo Credit - Yoon Yoon's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။