အနုပညာအလုပ်တွေကို ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ကြိုးစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင် မင်းသား ခန့်စည်သူပဲ ဖြစ်ပါတယ်။ သူရဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ကား ပြသနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Kyaw Soe Win Facebook Account
Photo Credit - Kyaw Soe Win Facebook Account
Photo Credit - Kyaw Soe Win Facebook Account

အခုမှာလည်း ခန့်စည်သူဟာ ပုဂံကို ထီးလိုမင်းလို ဘုရား ရွှေထီးတော် တင်လှူပူဇော်ရာမှာ ပါဝင်ကုသိုလ်ယူရန်အတွက် ပုဂံကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူနဲ့အတူ ပြည်သူချစ် မင်းသား ၊ မင်းသမီးများပါ ပါဝင်ကုသိုလ်ယူ ပူဇော်ကြမှာဘဲ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိထီးလို မင်းလိုဘုရား ရွှေထီးတော် တင်လှူပူဇော်ရာမှာ ကုသိုလ်ယူခဲ့ပါတယ်။

အလှူရှင်များနှင့်တကွ (၇)ရက်သား၊သမီးအပေါင်းသူတော်ကောင်းတို့တတွေ...

Photo Credit - Kyaw Soe Win Facebook Account
Photo Credit - Kyaw Soe Win Facebook Account
Photo Credit - Kyaw Soe Win Facebook Account

ကျန်းမာကြပါစေ။ချမ်းသာကြပါစေ။

စိတ်ဆင်းရဲကင်းကြပါစေ။

ကိုယ်ဆင်းရဲ ကင်းကြပါစေ။

ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

(၂၇-၂-၂၀၂၀) " ဆိုပြီး ရေးသားထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခန့်စည်သူရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Kyaw Soe Win Facebook Account  

Photo Credit - Kyaw Soe Win Facebook Account
Photo Credit - Kyaw Soe Win Facebook Account
Photo Credit - Kyaw Soe Win Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။