source - liquipedia

StarLadder ImbaTV Dota 2 Minor Season 3 ပြိုင်ပွဲကြီးကတော့ လာမယ့် မတ်လ 5 ရက်နေ့ကနေ 8 ရက်နေ့ထိ Ukraine နိုင်ငံမှာရှိတဲ့ Kyiv မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ ပေးအပ်သွားမယ့် စုစုပေါင်း prize pools ကတော့ $300,000 USD ဖြစ်ပြီး pro circuit ပွဲစဉ်ဖြစ်တဲ့အတွက် DPC points တွေလည်း ရရှိသွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ တော့ region အသီးသီးကနေ qualified ဖြစ်ထားတဲ့ Dota 2 team 8 team ယှဉ်ပြိုင်သွားမှာဖြစ်ပြီး group ခွဲလိုက်တဲ့အချိန်မှာတော့

Group A မှာ Boom Esports , Business associates , forZe နဲ့ Team Aster တို့ကကျခဲ့ပြီး group B မှာတော့ Alliance , Fighting PandaS , Gambit Esports နဲ့ NoPing e-sports တို့ကကျခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ champion ဖြစ်တဲ့ team ကလည်း ESL One Los Angeles 2020 Dota 2 ပြိုင်ပွဲကြီး ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ကျန်ရှိနေတဲ့ slot တစ်ကွက်ကိုရရှိမှာဆိုတော့ ဘယ် team က champion ဖြစ်မလဲဆိုတာကိုလည်း စောင့်ကြည့်သွားရမှာပါပဲ။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။