မင်းသားချောလေး သူရိယကတော့ ဗီဒီယိုဇာတ်ကားတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စိန်ဘယက်ဆေးတိုက်ရဲ့သားတစ်ဦးလည်းဖြစ်တဲ့ သူရိယအနေနဲ့ ကလေးဘဝအရွယ်ကတည်းက စိန်ဘယက်ကြော်ငြာလေးတွေရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူရိယကိုတော့ မိန်းကလေးပရိသတ်တွေက သည်းသည်းလှုပ်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit-Thu Riya's FB Acc
Photo Credit-Thu Riya's FB Acc
Photo Credit-Thu Riya's FB Acc

မကြာသေးကလည်း သာသနာ့ဘောင်ကို ရဟန်းအဖြစ်ဝင်ရောက်ခဲ့တဲ့ သူရိယက လတ်တလောမှာလည်း တတ်နိုင်သလောက်အလှူအတန်းတွေ ပြုလုပ်နေတာကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေမြင်တွေ့ကြမယ် ထင်ပါတယ်နော်။ အခုလည်း သူရိယက ဒီနေ့ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာကျရောက်တဲ့ ဖခင်ဖြစ်သူရဲ့မွေးနေ့ရက်မြတ်လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးထားပါတယ်။

Photo Credit-Thu Riya's FB Acc
Photo Credit-Thu Riya's FB Acc
Photo Credit-Thu Riya's FB Page

သူရိယက " Happy Birthday ဖေဖေ မွေးနေ့မှစ အသက်ရှည် ကျန်းမာပြီး နှစ်ပေါင်းများစွာကို ချစ်သောမိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် " ဆိုပြီး ချစ်ဖေဖေအတွက် မွေးနေ့ဆုမွန်ကောင်းစကားလေးတွေနဲ့အတူ အမှတ်တရပုံလေးတွေကိုလည်း တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူရိယတို့မိသားစုလေးရဲ့အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Thu Riya's FB Acc

Photo Credit-Thu Riya's FB Acc
Photo Credit-Thu Riya's FB Acc
Photo Credit-Thu Riya's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။