MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်(၇) တွင် မောရဝတီအသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ကတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ပဒုမ္မာဘောလုံးကွင်းထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ယင်းပွဲစဉ်မှာလည်း နှစ်သင်းလုံးက ဂိုးရရှိရေးအတွက် အကောင်းဆုံးယှဉ်ပြိုင်ကစားကာ ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့ပြီး မောရဝတီအသင်းက ကချင်ယူနိုက်တက်အသင်းကို (၂-ဝ) ဂိုးဖြင့်အနိုင်ရယူခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

မောရဝတီအသင်း နှင့် ကချင်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပွဲချိန်တစ်လျှောက် အပြန်အလှန် ဂိုးကန်သွင်းမှုတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်ကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပြီး ပထမ ပိုင်းမှာ နှစ်ဖက်အသင်းတွေက ဂိုးအဖြင့် အသုံးချနိုင်ခြင်းမရှိပဲ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မောရဝတီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၈၁ မိနစ် မှာ ဘုန်းထိုက်ကို က သွင်းယူပေးခဲ့ပြီး နောက်ထပ်အနိုင်ဂိုးကိုတော့ မောင်မောင်ဦးတို့က သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ပွဲချိန်ပြီးဆုံးချိန်မှာတော့ မောရဝတီ အသင်းက ကချင်ယူနိုက်တက်အသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မောရဝတီအသင်းက ပြီးခဲ့ ပွဲစဉ် (၆) မှာ ရမှတ် ၁ မှတ်သာရရှိသေးပြီး အဆင့် ၁၉ မှာရောက်ရှိနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကချင်ယူနိုက်တက်အသင်းက ပွဲစဉ် (၆)အပြီးမှာလည်း ရမှတ် ၃ မှတ်ဖြင့် အဆင့် ၁၈ နေရာ မှာရပ်တည် နေတဲ့ အသင်းတွေပဲဖြစ်ကြပါတယ်။ ကဲ.....ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ယူ-၁၉ ပွဲစဉ်တစ်ပွဲအဖြစ် မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မောရဝတီအသင်း နှင့် ကချင်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။