ပရိသတ်တွေက မမြတ်လေးလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ရတဲ့ အကယ်ဒမီအေးမြတ်သူဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အေးမြတ်သူရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပိုကောင်းလာပြီး ပရိသတ်တွေရဲ့ရင်ထဲမှာစွဲနေအောင်သရုပ်ဆောင်နိုင်ပါတယ်နော်။အေးမြတ်သူကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook Account/Amazing Grace
Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account

လတ်တလောမှာဆိုရင်တော့ အေးမြတ်သူပါဝင်သရုပ်ဆောင်ထားတဲ့"ပိတောက်ကတဲ့ဂီတ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်တော့မှာဖြစ်ပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။မနေ့ညမှာတော့ အေးမြတ်သူက "ပိတောက်ကတဲ့ဂီတ"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပွဲကို တက်ရောက်လာတာဖြစ်ပြီး ပွဲတစ်ပွဲလုံးမှာ ထင်ရှားတောက်ပနေပြီး အရုပ်မလေးလိုလှပနေတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account
Photo Credit:Aye Myat Thu's Facebook Account/Amazing Grace

အေးမြတ်သူရဲ့ဖက်ရှင်လေးကလည်း ခေတ်ရေစီးကြောင်းကိုလိုက်မှီပြီး ရိုးရိုးလေးနဲ့ဆန်းနေတာဖြစ်ပါတယ်။ဖြူဖွေးဝင်းမွတ်နေတဲ့ ကျောပြင်အလှလေးကလည်း အတိုင်းသားပေါ်လွင်နေပြီး ထိရက်စရာမရှိလောက်အောင် ဖြူဖြူဥဥလေးနဲ့ နုဖတ်နေတာပါနော်။အေးမြတ်သူရဲ့ အပြုံးလေးတွေကလည်းအရမ်းအသက်ဝင်ပြီး မြင်သူတကာကြွေကျချင်စရာကောင်းလောက်တာကြောင့် ပရိသတ်ကြီးအတွက် သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aye Myat Thu's IG Account
Photo Credit:Aye Myat Thu's IG Account
Photo Credit:Aye Myat Thu's IG Account

Source&Photo Credit:Aye Myat Thu's Facebook &IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။