စံမြန်းဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး သီချင်း MTVနဲ့ ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ သူပဲဖြစ်ပါတယ်။ ဇာတ်ရုပ်ကို ပီပြင်စွာ ပုံဖော်နိုင်တာကြောင့်လည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးဖို့ ကမ်းလှမ်းခံရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ မဟာဆန်တဲ့ အလှကြောင့်လည်း ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit - Wint Yamone Naing's FB account

သူမက တိုင်းရင်းသူလေးဖြစ်သလို စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်တာကြောင့် လူအများရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။ မင်းသမီးချောလေး ဝင့်ယမုံနိုင်က မိဘအပေါ်မှာလည်း သိတက်လိမ္မာပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာ သူမက ပုဂံဘုရားက ထီးတော်တင်ပွဲကို အနုပညာရှင် ညီအကို မောင်နှမတွေနဲ့အတူ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ "ကျွန်မချစ်သော ပုဂံမြေ "ဆိုတဲ့ စာသားလေးကို တင်ထားတာပဲဖြစ်ပါတယ်။

Photo Credit - Wint Yamone Naing's FB account
Photo Credit - Wint Yamone Naing's FB account

ဒါ့အပြင် ချစ်စရာကောင်းတဲ့ ပန်းလေးတွေကြားမှာ မဟာဆန်ဆန်လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါသေးတယ်။ မင်းသမီးချောလေး ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ သူမရဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးတွေကိုလည်း အားပေးကြမယ်မလား ။ ပရိသတ်ကြီးက သူမရဲ့ ပုံလေးတွေကိုကြည့်ရင်းအသည်းလေးတွေ ပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit - Wint Yamone Naing's FB account

Source & Photo Credit - Wint Yamone Naing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။