ပရိတ်သတ်ကြီးရေ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများရိုက်ကူးအောင်မြင်လာပြီး အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာ ရပ်တည်နေနိုင်တဲ့ မင်းသားချောဟိန်းဝေယံကို သိကြမယ်ထင်ပါတယ်နော်။ ဟိန်းဝေယံဟာ ဖြူဖွေးနုဖတ်ပြီးယောကျာ်းပီသတဲ့ ရုပ်ရည်လေးကြောင့် မိန်းကလေးပရိတ်သတ်အတော်များများရဲ့ အသည်းစွဲ မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။ ဟိန်းဝေယံဟာလတ်တလောတွင် 7th Sense Creationနဲ့လက်တွဲပြီး အနုပညာလုပ်ငန်းတွေကို ပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတာပါနော်။


Photo Credit-Amazing Grace
Photo Credit-Heinn Wai Yan's Facebook's acc

ဟိန်းဝေယံဟာ မကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင် "captionဘာရေးရင်ကောင်းမလဲ"ဆိုတဲ့ စာသားလေးနဲ့အတူပုံလေးတွေတင်ပေးလာပါတယ်။ သူဟာ အမြဲစမတ်ကျကျနေလေ့ရှိသူဖြစ်တာကြောင့် ယခုတင်ထားခဲ့တဲ့ပုံလေးမှာလည်း နေကာမျက်မှန်လေးတပ်ကာချောမောခန့်ညားနေတာပဲဖြစ်ပါတယ်။


Photo Credit-Heinn Wai Yan's Facebook's acc
Photo Credit-Heinn Wai Yan's Facebook's acc

ဟိန်းဝေယံဟာ လတ်တလောတွင် နှလုံးသားဒိုင်ယာရီဆိုတဲ့ ဇာတ်လမ်းတွဲကိုမင်းသမီးချောလေးစိုးပြည့်သဇင်နဲ့အတူ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့ပြင်ဟိန်းဝေယံဟာအခြားသောအနုပညာရှင်မောင်နှမများနဲ့အတူ ပုဂံကိုရောက်ရှိနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောဟိန်းဝေယံကို ချစ်ခင်အားပေးကြမယ်မလား။ ချောမောခန့်ညားတဲ့ဟိန်းဝေယံရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Heinn Wai Yan's Facebook's acc
Photo Credit-Heinn Wai Yan's Facebook's acc

Source-Heinn Wai Yan's Facebook acc

Photo Credit-Heinn Wai Yan's Facebook's acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။