MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်(၇) အပြီး အသင်းတိုင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှု နှင့် ပွဲရလဒ်များပဲဖြစ်ပါတယ်။ ပွဲစဉ်(၇) မှာတော့ အသင်းတိုင်းက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ရေး အတွက် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစဉ်(၇) အပြီးမှာ ISPE အသင်းက ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ဒါ့အပြင် ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၂ နေရာမှာ ရန်ကုန်ယူနိုက်တက်အသင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း နှင့် ရတနာပုံအသင်း တို့ က ရမှတ် ၁၆ မှတ်စီတူနေသော်လည်း ဂိုးကွာခြားချက်ဖြင့် အဆင့် ၃ နဲ့ အဆင့် ၄ နေရာတို့မှာရပ်တည်နေတာကိုလည်းတွေ့ရပါတယ်။ ငွေကြယ်ပွင့်များအသင်းကတော့ ရမှတ် ၁ မှတ် သာရှိထားတာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာရောက်ရှိနေခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page

ပွဲစဉ်(၇) မှာ အသင်းတိုင်းရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲပြီးရလဒ်တွေကို တင်ပြရမယ်ဆိုရင် MFF လူငယ်အသင်း (P-P) တက္ကသိုလ်များအသင်း ၊ ရခိုင်အသင်း (၁-၈) ရတနာပုံအသင်း ၊ ဟံသာဝတီအသင်း (၁-၂) ISPE အသင်း ၊ ဇွဲကပင်အသင်း (ဝ-၃) ရန်ကုန်အသင်း ၊ ငွေကြယ်ပွင့်များအသင်း (ဝ-၉) ရှမ်းယူနိုက်တက်အသင်း ၊ မကွေးအသင်း (၁-၂) ချင်းလန်းအသင်း ၊ ဆောက်သမ်းမြန်မာအသင်း (၂-၁) ဧရာဝတီအသင်း ၊ စစ်ကိုင်းအသင်း (ဝ-၄) မြဝတီအသင်း ၊ ယောမြေအသင်း (၁-၂) ချင်းအသင်း ၊ မောရဝတီအသင်း (၂-ဝ) ကချင်အသင်း တို့အသီးသီး ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။