ပရိသတ်အချစ်တော် မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းက ကျော့ရှင်းတဲ့အလှတရားတွေနဲ့ ယောကျ်ားလေးပရိသတ်တွေကြား အမြဲရေပန်းစားပြီး မိန်းကလေးပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်ရတဲ့ ပြည်သူချစ် အနုပညာရှင်လေးပဲ ဖြစ်ပါတယ်..။
အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်ကာ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ အချစ်ရေးမှာလည်း တည်ငြိမ်အေးဆေးတဲ့ နော်ဖောလေးကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေးကို နာမည်ကြီးခဲ့တဲ့ ဗိုလ်ကြီးဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။
ဗိုလ်ကြီးဇာတ်ကားကတော့ မင်းသမီးကို သဘောကျလို့ ကြည့်တာဖြစ်ပြီး သူမအတွက်ကတော့ သဘောကျရတဲ့မင်းသားက သက်သက်ရှိကာ ဗိုလ်ကြီးထက်ပို ရင်ခုန်စရာကောင်းပြီး သဘောကျရတဲ့သူ ရှိပါတယ်ဆိုပြီး ပရိသတ်တွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်..။
သူမ သဘောကျရတဲ့သူကတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားချောလေး လီဒုံဝုပဲ ဖြစ်ပြီး ဗိုလ်ကြီးဇာတ်ကားဟာ မင်းသမီးလေးကို သဘောကျလို့ ကြည့်ကြည့်ရင်း သူတို့နှစ်ယောက် Ro တာကို ပိုပြီး ကြိုက်ကာ အပတ်တိုင်း စောင့်ကြည့်နေကြဖြစ်ပြီး တုံးတိကြီးပြီးသွားတဲ့အခါ စနေ တနင်္ဂနွေရောက်ရင်တော့ အလိုလိုနေရင်း လွမ်းနေတာမျိုးတော့ ဖြစ်ပါတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။
“ဗိုလ်ကြီးလို ချစ်သူမျိုးက ရုပ်ရှင်ထဲမှာဘဲရှိတယ် ထင်တယ် သဘောကျချင်ရင်တောင်မှ အပြင်မှာဘယ်လိုရှာမလဲ ရှာပေးကြပါ..” ဆိုပြီးတော့လည်း အသည်းယားစရာကောင်းလောက်အောင်ကို နော်ဖောလေးက ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်နော်..။
ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ဗိုလ်ကြီးထက် ပိုပြီး ရင်ခုန်သဘောကျရတဲ့ Crush လေးကို ပြောပြထားတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Li John Photography
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။