မင်းမော်ကွန်းက ရန်ကုန်မှာ လူဖြစ်ရတာ ဝမး်နည်းတယ်လို့ ဆိုလိုက်ပါတယ် ။

အကြောင်းရင်းတစ်ခုကြောင့်ပါ ။ သူဝါသနာပါတဲ့ အလုပ်ကို ရန်ကုန်မှာလုပ်ခွင့်မရှိလို့ပဲဖြစ်ပါတယ် ။

သူဝါသနာပါတာတော့ အခြားမဟုတ်ပါဘူး ။ ဆိုင်ကယ်စီးတာပါ ။

Rose Rider ဇာတ်ကားကြီးအတွက် ဆိုင်ကယ်တွေကို ဆင်ပြီးတဲ့နောက်မှာ မင်းမော်ကွန်းက သူ ဆိုင်ကယ်တွေနဲ့ အဆက်ပြတ်သွားတာကို သတိရသွားပုံရပါတယ် ။ သူဆိုင်ကယ်နဲ့ အဆက်ပြတ်ခဲ့ရတဲ့ အဓိကအကြောင်း ၄ ခုကိုပြောခဲ့ပါတယ် ။

"၁။ ကျွန်တော်ဆိုင်ကယ်စီးဖို့ အဖေအမေက တားတယ်(ကျွန်တော့်သားလေးရလာထဲကပေါ့).. ၂။ ကျွန်တော့်ငယ်သူငယ်ချင်(ဒါရိုက်တာတစ်ယောက်ရဲ့ညီ) ဆိုင်ကယ်မှောက်ပြီးဆုံးတယ်..၃။ ကျွန်တော်မြေပဲယိုမဖွဲ့ခင် Lucifer ဆိုပြီး band ဖွဲ့ခဲ့တယ်။ အဲ့ဒီက Drum သမား ကိုဖဦးထုပ် ဆိုင်ကယ်မှောက်တာမသေရုံပဲ..၄။ ကျွန်တော့်ကိုယ်ကျွန်တော်ထက်မိသားစုကို ပိုဖြည့်ဆည်းပေးချင်ခဲ့တယ် ဥပမာ ကျွန်တော့်VCD ထွက်ရေးထက်သားသမီးကျောင်းစရိတ်တွေပါ" လို့ ဆိုခဲ့ပါတယ်။ "အခုတော့ အသက်ရလာပြီ..ဆိုင်ကယ် တွေ collect လုပ်ချင်လာပြီ..စီးဖို့ထက် သိမ်းထားဖို့ပေါ့ ရန်ကုန်မှာလူဖြစ်ရတာ ဝမ်းနည်းကြောင်း" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ Rose Rider ဇာတ်ကားထဲမှာ မင်းမော်ကွန်းစီးမယ့် ဆိုင်ကယ်ဟာ Honda 400cc အမျိုးအစားဖြစ်ပြီး ဆိုင်ကယ်ဖိုးမပါ လိုင်စင်နဲ့ ပြန်လည်ပြင်ဆင်စရိတ်တင် သိန်း ၃၀ လောက်ရှိတယ်လို့လည်း အဲဒီဆိုင်ကယ်ကြီးကို ပြန်ဆင်ပေးခဲ့တဲ့ ကိုဂျွန်ခွားက ပြောခဲ့ပါတယ်။

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။