အချစ်ရေးမှာ လူရွေးမှားခဲ့တဲ့ အတွက် နောက်ထပ်အရွေးမမှားချင်တော့တာမို့ အိုင်းရင်းရဲ့ အနာဂတ်နဲ့ပါတ်သတ်ပြီး အမေ့ကိုပဲလွှဲပေးလိုက်ပြီလို့ ဆိုခဲ့တာပါ ။

အမေက သင့်တော်တဲ့သူ အိုင်းရင်းကလဲလက်ခံနိုင်တဲ့သူဆိုရင်တော့ အဆင်ပြေမှာပါလို့ Duwun က အင်တာဗျုးမှာဖြေဆိုသွားခဲ့ပါတယ် ။

သူမ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီး ငိုခဲ့စဉ်က သူမနဲ့အတူ လိုက်ငိုခဲ့တဲ့ ပရိသတ်ကိုလဲ

"Facebook ​ပေါ်မှာ live လွှင်​့ပြီး ငိုခဲ့တဲ့ အ​ပေါ် ပရိသတ်​​တွေက ထပ်​တူလိုက်​ငိုကြတာ​တွေ ရှိတဲ့အ​ပေါ် အားနာမိပါတယ်​။ အချစ်​​ရေးနဲ့ပတ်​သက်​လို့ ဖြစ်​ခဲ့တဲ့ ကိစ္စ​တွေကလဲ အိုင်​းရင်​းမှန်​တယ်​လို့ ယုံကြည်​တယ်​။ ကိုယ်​တိုင်​ကလည်​း တစ်​​ယောက်​ထဲ သမားဖြစ်​တဲ့ အတွက်​ အခုလဲတစ်​ယောက်ထဲကျန်ခဲ့တာပါ။" လို့ ဆိုပါတယ် ။ လက်ရှိမှာတော့ အိုင်းရင်းဟာ အနုပညာအလုပ်တွေကို နှစ်ဆပိုကြိုးစားနေပါတယ်လို့ဆိုပါတယ် ။ အိုင်းရင်းရဲ့ တစ်​ကိုယ်​​တော်​​တေးစီးရီးဖြစ်​တဲ့ ချစ်​လို့ MTV က​ုိဇွန်​လ ၁ရက်​​နေ့ မှာ ထွက်​ရှိမှာဖြစ်ပါတယ် ။

"အ​ခွေထဲမှာ​တော့ နှလုံးသားအရင်​းနှီးဆိုတဲ့ Music Video ပြန်​ထည်​့ထားပါတယ်​။ ချစ်​လို့ Audio ထဲက သီချင်​းထဲက တစ်​ပုဒ်​​တော့ ဖြုတ်​လိုက်​တယ်​။ Promotion ပွဲကိုလဲ ၆ ရက်​​နေ့မှ လုပ်​ဖြစ်​မှာပါ။ Junction City မှာ ည​နေ ၄ နာရီက​နေ ည ၈ နာရီ အထိ ​ဖျော်​​ဖြေ​ရေး​တွေနဲ့ ကျင်​းပသွားမှာပါ" လို့သူမကဆိုပါတယ် ။

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။