မျက်တောင်လေးတွေကို သဘာဝအတိုင်း ရှည်လျားထူထဲလာစေမယ့်နည်းလမ်းများ 

မျက်တောင်လေးတွေ တိုနေလို ့ဖြစ်စေ ပါးနေလို ့ဖြစ်စေ ရှည်လျားထူထဲလာစေချင်ရင်တော့ သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

(၁)သံလွင်ဆီ

အပူပေးထားတဲ့ သံလွင်ဆီထဲကို သန် ့စင်တဲ့ နားကြပ်ဂွမ်းတံလေးကို နှစ်လိုက်ပါ။ အိပ်ရာမဝင်ခင်မှာ အဆိုပါ ဆီကိို မျက်တောင်တွေပေါ်ကို ဂရုတစိုက်နဲ ့

လိမ်းပေးပါ။ ဒီအတိုင်း တစ်ညထားပေးပါ ။ မနက်ရောက်ရင် ရေကြက်သီးနွေးလေးနဲ ့ပြန်ဆေးချပါ။ ဒီနည်းလမ်းလေးအတိုင်း လ အနည်းငယ်ကြာမျှ လိုချင်တဲ့

ရလဒ်ရောက်တဲ့အထိ ထပ်ခါ ထပ်ခါ ပြုလုပ်သွားပေးပါ။

(၂)ကြက်ဆူဆီ

ကြက်ဆူဆီထဲကို ဗီတာမင်အီးအဆီ သုံး လေးစက်မျှရောပေးပါ။ အဲ့ဒီနောက် အိပ်ရာမဝင်ခင်မှာ သန် ့စင်တဲ့ နားကြပ်ဂွမ်းတံလေးကို သုံးပြီး

မျက်တောင်တွေပေါ်ကို လိမ်းပေးပါ။ တစ်ညလုံးထားပြီးနောက် မနက်မှာ ရေကြက်သီးနွေးလေးနဲ ့ပြန်ဆေးကြောပေးပါ။ ဒီနည်းလမ်းလေးကို နေ ့စဉ် နှစ်လမှ သုံးလအထိပြုလုပ်ပေးပါ။

(၃)ရေနံဂျယ်လီ

အိပ်ရာမဝင်ခင်မှာ ရေနံဂျယ်လီကို မျက်တောင်တွေပေါ်သုတ်လိမ်းပြီး တစ်ညလုံးထားပေးပါ။ မျက်တောင်လေးတွေကို လျင်မြန်စွာ ရှည်လျားလာစေပါတယ်။

တစ်ပတ်ကို ၃ ၄ ကြိမ် ပြုလုပ်ပေးပါ။

(၄)အုန်းနို ့ရည်

သန် ့စင်တဲ့ ဝါဂွမ်းလုံးလေးနှစ်ခုကို အအေးခံထားတဲ့ အုန်းနို် ့ရည်ထဲ နှစ်ပေးပါ။ မျက်လုံးပိတ်ထားပြီး မျက်ခွံတစ်ဖက်တစ်ချက်စီပေါ်ကို အဆိုပါ ဝါဂွမ်းလေးတွေကို တင်ထားပါ။ အဲ့ဒီနောက် ၁၀ မိနစ်ကြာရင်ရေဆေးချပေးပါ။

ဒီနည်းလမ်းလေးတွေကတော့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ မျက်တောင်လေးတွေပိုင်ဆိုင်နိုင်စေဖို ့အတွက် လွယ်ကူရိုးရှင်းလှတဲ့ သဘာဝနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ 

Source: top10homeremedies

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။