ခံယူနေသော အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး မဆန်းကေခိုင်

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေး မဆန်းကေခိုင်၏ ဝဲဘက်လက်တံတောင်ဆစ်နှင့်လက်ချောင်းများကို လျာထားပြီး ယာဘက်လက် ခံနိုင်သည့်အခြေအနေရမှသာ ဝဲဘက်လက်ကိုဆက်လက်ကုသမည်ဖြစ်သည်။ မဆန်းကေခို်င်၏ ယာဘက်လက်အား စက်တင်ဘာ ၅ ရက်က ခွဲစိတ်ကုသခဲ့ရာ ယာဘက်လက်ချောင်းများမှာ ထိခိုက်ဒဏ်ရာကြောင့် အဆစ်များလှုပ်ရှား၍မရသည်ကို တွေ့ခဲ့ရသည်။ အဆိုပါ ခွဲစိတ်မှုသည် ခက်ခဲသည့်ခွဲစိတ်မှုဖြစ်ပြီး ရာနှုန်းပြည့်ပြန် ည်ကောင်းမွန်ရန် စောင့်ကြည့်ရမည်ဖြစ်သည်။

အသက် ၁၇ နှစ်ရွယ် မဆန်းကေခိုင်သည် လွန်ခဲ့သောငါးနှစ်ခန့်ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့ပြီး ယင်းကာလအတွင်း သူမအား လက်ဆစ်များရိုက်ချိုးခြင်း နှာခေါင်းကိုလှီးဖြတ်ခြင်း လက်ဖျံနှင့် လည်ပင်းတို့ကို ဓားဖြင့်မွှန်းခြင်း စသည့်နှိပ်စက်မှုများ ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။ ယခုအခါ ထိုအင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်ခြောက်ဦးကို လူကုန်ကူးမှုတဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြု၍ တရားစွဲဆိုထားသည်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။