ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် "Church Hill Tunnel" (ဘုရားကျောင်း တောင်ကုန်း လှိုင်ခေါင်း) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။ 

photo credit pngtree

ဗာဂျီးနီယား ပြည်နယ်မှာရှိတဲ့ "Church Hill Tunnel"ဟာ နာမည်ကြီး ခြောက်ခြားစရာနေရာကြီး တစ်ခု ဖြစ်ပါတယ်။ ၁၈၇၃ ခုနှစ်မှာ ထိုလှိုင်းခေါင်းကို အသုံးမပြုတော့ဘဲ ၁၉၀၂ ခုနှစ်မှာ ပြန်လည် အသုံးပြုဖို့ ၁၂၀၀ မီတာ ရှည်လျားတဲ့ လှိုင်ခေါင်းကို ပြန်လည် ပြင်ဆင် မွန်းမံ ခဲ့ပါတယ်။ ဒီလို ပြန်လည် ပြင်ဆင်နေစဉ်မှာ ကံမကောင်းစွာနဲ့ဘဲ မြေပြိုကျမှု တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီမြေပြို မှုမှာ လူပေါင်းများစွာ သေဆုံးခဲ့ပေမဲ့ ၁၉၂၀ ခုနှစ်မှာတော့ ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့ဒီလှိုင်ခေါင်းထဲမှာတော့ 'ကယ်ကြပါ ကယ်ကြပါ' ဆိုတဲ့ အသံများ ခဏခဏ ကြားရသလို Vampire သွေးစုတ်ဖုတ်ကောင်လိုထင်ရတဲ့ အကောင်များတောင် လှိုင်ခေါင်းထဲမှ ထွက်လာတယ်လို့ ဆိုကြပါတယ်။ အခုတော့ အစိုးရက တရားဝင်ပိတ်ပြစ်ခဲ့ရတာ ဖြစ်ပါတယ်။ အစိုးရရဲ့ အဆို ကတော့ Safety reason ( အသက် အန္တရာယ်လုံခြုံရေး ) အရ ပိတ်ပြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တည်နေရာကတော့ ဗာဂျီးနီးယား ပြည်နယ်မှာ ဖြစ်ပါပြီး ယနေ့ခေတ်မှာတော့ ထူးဆန်းခြောက်ခြားဖွယ် လှိုင်ခေါင်းကြီးအဖြစ် နာမည်ကျော်ကြား ထင်ရှားလှတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit pngtree
photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။