ပရိသတ်ကြီးရေ.....၂၁ရာစုခေတ်ကြီးထဲမှာ ရောဂါ အမျိုးအစားတွေပေါများလာသလို ဆေးကောင်း၊ ဝါးကောင်းများနဲ့ သဘာဝကပေးတဲ့ နည်းလမ်းကောင်းများလည်းရှိပါတယ်နော်။ အဲ့အထဲကမှ သွေးချို၊ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး တားဆီးထိန်းညှိနိုင်မှာ ဖြစ်တဲ့ ယောဂကျင့်စဉ် နည်းလမ်းလေးကို တင်ဆက်ပေးမှာပါ။ ရှေးအိန္ဒိယ ယောဂဆရာများက "ယောဂကျင့်စဉ်" ကို "ရုပ်ပိုင်း နှင့် စိတ်ဝိညာဉ်တို့ကို ထိန်းညှိပေးပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးလည်ပတ်မှုကို မျှတအောင် ပြုလုပ်ပေးတဲ့ ကျန်းမာရေး အားကစားတစ်ခု ဖြစ်တယ်လို့" အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

photo credit pngtree

ယောဂ လေ့ကျင့်တာဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပေါ် ပံ့ပိုးပေးသောစနစ်ကို ပြုစုပျိုးထောင်ပေးခြင်းနှင့်၊ ဆီးချို၊ သွေးချိုရောဂါတွေအတွက် အဓိကအားထားရာ နည်းစနစ်ကောင်း တစ်ခုလို့ဆိုရမှာပါ။ ကမ္ဘာအနှံ့မှာ လူသန်းပေါင်းများစွာကို အသက်အန္တာရာယ် ထိခိုက်စေမယ့် ဆီးချိုရောဂါဖြစ်ရခြင်းအကြောင်းအရာတွေဟာ အချိုအစိမ့်တွေ အစားများခြင်းကြောင့်ဖြစ်ပြီး မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ ငယ်ရွယ်စဉ်အတွင်းမှာပဲ နာတာရှည်ရောဂါခံစားရတာမျိုး၊ ခန္ဓာကိုယ်ထဲမှာ ပန်ကရိယ အားထုတ်လုပ်မှု အနည်းငယ်သာရှိတာ (သို့မဟုတ်) အင်ဆူလင် ထိန်းချုပ်မှု မမျှတတာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။

photo credit pngtree

စာဖတ်ပရိသတ်ကြီးအနေနဲ့ ယောဂကျင့်စဉ်ကို ဘေးထွက်ဆိုးကျိုးရှိမှာ မစိုးရိမ်ရဘဲ စိတ်ချလက်ချ ဆော့ကစား လေ့ကျင့်လို့ရပါတယ်။ အဲ့လို လေ့ကျင့်ပေးခြင်းဖြင့် ဆီးချိုရောဂါအား ကာကွယ်ပေးပြီး အတက်အကျကို သဘာဝနည်းဖြင့် ထိန်းညှိကူညီပေးတာပါ။ အဲ့ဒီနည်းလမ်းဖြင့် မိမိရဲ့ လူနေမှုဘဝပုံစံ ပြောင်းလဲပေးဖို့ကို ရှေးအိန္ဒိယဆရာတွေက ဆိုမိန့်ခဲ့ပါတယ်။ ခန္ဓာကိုယ်သွယ်လျပြီး သွေးချို၊ ဆီးချို ကြိုတင်ကာကွယ်လို့ရအောင် အစားအသောက် အနေအထိုင်ဆင်ခြင်ပြီး အထက်မှာဖော်ပြထားတဲ့ ယောဂကျင့်စဉ်တွေကို အချိန်ရရင် ရသလို လေ့လာကျင့်ကြံကြရမှာ ဖြစ်ပါတယ်။

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။