photo credit - liquipedia

North America region က Dota 2 new team တစ်ခုဖြစ်တဲ့ Business associates က carry player Moo ရဲ့နာမည်အရင်းကတော့ David Willian Hull ပဲဖြစ်ပါတယ်။

Birth date ကတော့ 1995 ခုနှစ် နိုဝင်ဘာလ 9 ရက်နေ့ဖြစ်တာကြောင့် Moo ဟာ အခုဆိုရင် အသက် 24 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Moo dota 2 pro scene ပေါ်ရောက်လာတာကတော့ 2015 ခုနှစ်လောက်ထဲကဖြစ်ပြီး Root Gaming မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2015 ခုနှစ် 8 လပိုင်းကုန်ခါနီးမှာတော့ Moo ဟာ FIRE ကိုပြောင်းရွှေ့ခဲ့ပြီး ၎င်းအသင်းမှာ တစ်လ ကျော်ကျော်လေးသာကစားခဲ့ပြီး 2015 ခုနှစ် 10 လပိုင်း 2 ရက်နေ့မှာ Team Archon ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2016 ခုနှစ် 3 လပိုင်း 26 ရက်နေ့မှာတော့ Moo ဟာ Digital Chaos ကိုပြောင်းရွှေ့ခဲ့ပြီး 2016 ခုနှစ် 8 လပိုင်း 25 ရက်နေ့မှာ အသင်းကပြန်လည်ထွက်ခွာခဲ့ပါတယ်။

2016 ခုနှစ် 9 လပိုင်း 17 ရက်နေ့မှာတော့ Moo ဟာ complexity Gaming ကိုပြောင်းရွှေ့ခဲ့ပြီး ၎င်းအသင်းမှာ 2018 ခုနှစ် 8 လပိုင်း 29 ရက်ထိသာကစားခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်း 9 ရက်နေ့မှာတော့ Moo ဟာ marchoutofarmy ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 9 လပိုင်း 27 ရက်နေ့မှာ J.Strom ကိုပြောင်းရွှေ့ခဲ့ပါတယ်။ 

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။