အသားဖြူချင်သူတွေအတွက်တော့ အားတက်စရာ သတင်းကောင်းပေါ့နော်။

အခုခေတ်မှာ အလှအပကခေတ်စားနေတော့ မဲတဲ့သူကလည်း ဖြူအောင်လုပ်ဖို့လွယ်သလို ဝတဲ့သူကလည်း ပိန်အောင်အဆီချ ပြုပြင်တာတို့ လုပ်လို့ရပါတယ်။

ကမ္ဘာကျော် လူမည်းအဆိုတော် မိုင်ကယ်ဂျက်ဆင်တောင် လူဖြုတစ်ယောက်ဖြစ်အောင် ခွဲစိတ်မှုလုပ်ခဲ့ပြီး နောက်ဆုံးချိန်ထိ နေထိုင်ခဲ့တာပါ။

ဖိလစ်နိုင်ငံသူလေး Cai Cortez ကတော့ ငယ်ငယ်ထဲက အသားမဲတဲ့သူထဲမှာ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ သူမရဲ့ ငယ်ဘဝနဲ့ ကွာခြားသွားတာကတော့ လက်ရှိမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ Cai ဟာ အသားအရေသိသိသာသာဖြုဝင်းလာတာပါပဲ။

လူမှုကွန်ရက်မှာ သူမရဲ့ ငယ်ဘဝ နဲ့ လက်ရှိပုံတွေကို မြင်ပြီးနောက်မှာ လူတိုင်း အံ့အားသင့်ရပါတော့တယ်။ အသားတွေဖြူလာတာဟာ ခုခေတ်စားနေတဲ့ အသားဖြူဆေးတွေ ၊ ဆေးထိုး ဆေးသောက်တွေ၊ အလှကုန်လိမ်းရတာလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်သူမ အခုလို ငယ်ငယ်ကပုံနဲ့ တစ်ခြားစီ အသားဖြူလာတာဟာ Kojic ဆပ်ပြာတုံး ကို ရေချိုးတိုင်းနေ့စဉ်သုံးခဲ့တာလို့ ပြောပါတယ်။ သူမဟာ နှစ်ရှည်လများ ဒီဆပ်ပြာကိုပဲ အသုံးပြုခဲ့ပြီးနောက် အစွမ်းပြလာတာဖြစ်ပါတယ်။

လူအချို့ကတော့ သူမဟာ အသားဖြူဆေးတွေလည်း သုံးရင်သုံးထားနိုင်တယ်လို့ ထင်ကြေးပေးနေကြပေမယ့် သူမကတော့ ဘာမှတုန့်ပြန်ပြောဆိုခြင်းမပြုခဲ့ပါဘူး.

ကဲ ဖြူချင်သူတွေ သူလိမ်းတဲ့ ဆပ်ပြာသာ သုံးကြည့်ပေတော့။  

သတင်းအရင်းမြစ် viral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။