ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ မောင်မောင်လွင် က အားပေးနေမည့် ပရိသတ်များအတွက် အကောင်းဆုံးရလဒ်ရရှိအောင် စွမ်းဆောင်သွားမည် ဟု ဧရာဝတီယူနိုက်တက်အသင်းနှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့ပါတယ် ။ရန်ကုန်ယူနိုက်တက်အသင်းဟာ ပွဲစဉ်-၉ အဖြစ် ဧရာဝတီယူနိုက်တက်အသင်း နှင့် မတ်လ ၇ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ် ။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

“လာမယ့် ပွဲက နှစ်သင်းစလုံးအတွက်ကတော့ ခက်ခဲမယ့် ပွဲဖြစ်လာမှာပါ။ သူတို့အသင်းကို ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်သွားမလဲဆိုတာကတော့ လာမယ့် စနေနေ့ပွဲမှာစောင့်ကြည့်ကြဖို့ ပြောချင်ပါတယ် ကျွန်တော်တို့အသင်းက ချန်ပီယံဖြစ်ဖို့အတွက် ဦးတည်ပြီးသွားနေတဲ့အတွက် ဒီပွဲကို မဖြစ်မနေနိုင်မှရပါမယ်။ မဖြစ်မနေအနိုင်ရဖို့ဆိုတာထက် လုံးဝမရှုံးဖို့က ပိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရှုံးသွားရင် အဆင့် ၃ ကို ရောက်သွားနိုင်တယ်။ သရေဆိုရင်တောင် ဂိုးကွာခြားချက်နဲ့ အဆင့် ၂ မှာရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြအဖွဲ့တွေရော ကျွန်တော်တို့ကစားသမားတွေပါအကောင်းဆုံး ရင်ဆိုင်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားကြပါတယ် " လို့ ပြောကြားခဲ့သည်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့၏ ယခင်နှစ်တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ရရှိထားခဲ့ပါတယ် ။ရန်ကုန်ယူနိုက်တက်အသင်းဟာ ၈ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ မှတ် ဖြင့် အဆင့် ၂ နေရာတွင်ရောက်ရှိနေပြီး ဧရာဝတီယူနိုက်တက်အသင်းသည် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိပါတယ် ။

source - Yangon United Football Club Facebook Page

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။