MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် မတ်လ ၆ ရက်နေ့ ညနေ လေးနာရီက ပဒုမ္မာကွင်းတွင် ကချင်ယူနိုက်တက်အသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ် မှာတော့ နှစ်ဖက်အသင်းတွေက အပြန်အလှန်တိုက်စစ်ဆင်ကစားကာဂိုးကန်သွင်းမှုအခွင့်ရေးတွေရရှိခဲ့ပေမယ်. တစ်ဖက်နှစ်ဂိုးစီ သရေကျ ခဲ့ရပါတယ်။

Photo Credit - National League ll Facebook Page
Photo Credit - National League ll Facebook Page

ပွဲအစ နှစ်မိနစ်တွင် ကချင်ယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး စိုးမြတ်သူက သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်တွင် ငွေကြယ်ပွင့်လေးများအသင်းမှ ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဥက္ကာစိုးမှ အမှားအယွင်းမရှိကန်သွင်းကာ ချေပဂိုးရယူပေးခဲ့ပါတယ်။ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့ပြီးဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်တွင် ကချင်ယူနိုက်တက်အသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး လူစားဝင်ရောက်လာသည့် တိုက်စစ်မှူး ချီမာမှ သွင်းယူပေးခဲ့ပါတယ်။

Photo Credit - National League ll Facebook Page
Photo Credit - National League ll Facebook Page

ပွဲချိန် ၈၇ မိနစ်တွင် ငွေကြယ်ပွင့်လေးများအသင်းမှ ထပ်မံ ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး ဥက္ကာစိုးမှပင် ထပ်မံသွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံးမှ ဂိုးထပ်မံမရသည့်အတွက် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ကချင်ယူနိုက်တက်အသင်းသည် ခြောက်ပွဲကစားပြီးချိန်၌ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် လေးမှတ်ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေခဲ့ပြီး ငွေကြယ်ပွင့်လေးများအသင်းကတော့ ခြောက်ပွဲကစားပြီးချိန်တွင် တစ်ပွဲ နိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲ ရှုံး ရမှတ် ငါးမှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေခဲ့ပါတယ်။

Photo Credit - National League ll Facebook Page

Source - National League ll Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။