မြန်မာဂုဏ်ဆောင် လက်ဝှေ့အားကစားသမားအောင်လအန်ဆန်းကတော့ လက်ဝှေ့ အားကစားနဲ့ အသက်မွေးဝမ်းကြောင်းဖို့ စတင်ခဲ့ချိန်မှာ ငွေရေးကြေးရေး နဲ့ပတ်သတ်ပြီးအခက်အခဲတွေရှိခဲ့တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။အောင်လန်အန်ဆန်းကတော့ " ကျွန်တော် လက်ဝှေ့ အားကစားကို အသက်မွေးဝမ်းကြောင်း အဖြစ် ရွေးချယ်လုပ်ကိုင်ဖို့ စတင်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ ငွေရေးကြေးရေး နဲ့ပတ်သတ်ပြီးအခက်အခဲတွေရှိခဲ့ပါတယ်။ အရာရာ အဆင်ပြေဖို့ ဆယ်စုနှစ်တခု ကြာ အချိန်ယူခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေပဲရှိပါစေ ကျွန်တော့အိပ်မက်တွေနှင့် မျှော်လင့်ချက်တွေ က ကျွန်တော့် ကို မရပ်တန့်စေခဲ့တဲ့ ကာလကိုကျွန်တော်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်းကတော့ ကျွန်တော့် ဘဝမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတာ စွန့်လွှတ်မှုတွေပြုလုပ်ရတာတွေ ရှိပါတယ်။ ဒီအချက်တွေကပဲ မိသားစုကိုပိုတန်ဖိုးထားတတ် စေခဲ့ပြီး၊ အခုအချိန်မှာ ကျွန်တော့် အတွက်အရေးအကြီးဆုံးအရာက မိသားစုကို ကောင်းမွန်တဲ့ ဘဝဖန်တီးပေးနိုင်ဖို့ အတွက် အမြဲ ကာကွယ်စောင့်ရှောက်ဖို့ နဲ့ သူတို့နောင်ရေးအတွက်ငွေစုဆောင်းဖို့ ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်းကတော့ လွန်ခဲတဲ့ နှစ်ပေါင်း (၁၁၇ ) နှစ်ကျော်ကတည်းက တည်ရှိခဲ့တဲ့ Dai-ichi Life Group ဟာ မိသားစု အများအပြား နှင့် လူပုဂ္ဂိုလ်တစ် ဦး ချင်းစီတို့ အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးဆိုင်ရာပြဿနာတွေ မရှိအောင် အကာအကွယ်ပေးခြင်းဖြင့် စိတ်အေးချမ်းမှုကို ဆောင်ကျဉ်းပေးပါတယ်။ ကျွန်တော့်အတွက်တော့အာမခံဟာ ကျွန်တော် အတွက်ရော သားသမီးတွေရဲ့အနာဂတ်အတွက်ပါ အကာအကွယ်တစ်ခုဖြစ်တယ်ဆိုတာ နားလည်လက်ခံထားပါတယ်။ ဒီလိုနားလည်ထားတာကို Dai-ichi Life Insurance Myanmar ကိုကူညီရင်း အခြားသူတွေ ကိုမျှဝေချင်ပါတယ်။ ဒါ ကြောင့် Dai-ichi Life Insurance Myanmar နှင့်လက်တွဲလုပ်ကိုင်ဖို့ရွေးချယ်ခဲ့တာပါဆိုပြီးရေးသားထားခဲ့ပါတယ်။

source : Aung La Nsang(Burmese Python) 's facebook page 

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။