ဇွဲကပင်ယူနိုက်တက်အသင်း အနေနဲ့ ပွဲစဉ် (၉) မှာ ပထမဆုံးနိုင်ပွဲ ရရှိပြီး အမှတ်ပေးဇယား အဆင့်(၁၀) နေရာကို တက်လှမ်းလာနိုင်ခဲ့တာ တွေ့ရပါတယ်။ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2020 ပွဲစဉ် (၉)မှာ ဇွဲကပင်ယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို(၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဒါဟာ ဇွဲကပင်အသင်းအတွက် ယခုနှစ်ရာသီ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဇွဲကပင်အသင်းအနေနဲ့ ယနေ့ပွဲမှာ ယခုထက် ဂိုးသွင်းခွင့် ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇွဲကပင်အသင်းအတွက် ဂိုးတွေကို ပထမပိုင်း ၄၅+၂ မိနစ်မှာ မင်းဇော်စိုး၊ ၅၆၊ ၇၆ မိနစ်တွေမှာ တိုက်စစ်မှူး ယာဆင်က တစ်ဦးတည်း နှစ်ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဆောက်သမ်းအသင်းအတွက် ပွဲပြီးကာနီး စက္ကန့်ပိုင်းအလိုမှာ တိုက်စစ်မှူး ကောင်းစည်သူက ရယူပေးခဲ့တာပါ။ဆောက်သမ်းမြန်မာအသင်း အနေနဲ့ နှစ်ပွဲဆက် ရမှတ် ရယူနိုင်ခဲ့ပေမယ့် ယနေ့ပွဲမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။တစ်ဖက်မှာတော့ ရခိုင်ယူနိုက်တတ်အသင်းနဲ့ စစ်ကိုင်းယူနိုက်တတ်အသင်းတို့ကစားခဲ့ပြီး ရခိုင်ယူနိုက်တတ်အသင်းက ၂ဂိုး၁ဂိုနဲ့အနိုင်ရခဲ့ပါတယ်။

source  - Myanmar National League Facebook Page

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။