အစားတစ်လိုင်းပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ အရင်အပါတ်တွေနဲ့ မတူညီဘဲ ထူးခြား ကောင်းမွန်သော ခရမ်းချဉ်သီး ဝက်ပုဇွန်အစာသွပ် special ဟင်းလျာ ချက်ပြုတ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ ပြသပေးသွားမှာပါ။ MLTV ရဲ့ ပင်တိုင် စားဖိုမှူးလေးဖြစ်တဲ့ မနီလာအောင်ဝင်းကနေ ချက်ပြုတ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Photo by MLTV

ပါဝင်ပစ္စည်းလေးတွေကတော့ ခရမ်းချဉ်သီး၊ ဂျူးဖူး၊ မုန်လာဥနီ၊ ပုဇွန်၊ ဝက်သား၊ ကြက်သွန်နီ၊ ချိစ်....အစရှိတာတွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ခရမ်းချဉ်သီးကို ထိပ်ကနေလှီးထုတ်လိုက်ပါ။ ပြီးရင် အထဲက အနှစ်များကို ဇွန်းဖြင့်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ပုဇွန်များနဲ့ ဝက်သားများကိုရောပြီး နုတ်နုတ်စင်းပေးရမှာ ဖြစ်ပါတယ်။

Photo by MLTV

နုတ်နုတ်စင်းထားတဲ့ အသားထဲကို ပဲငံပြာရည်နဲ့ ပဲငံပြာရည် (အနောက်) ထည့်ပါ။ ဟင်းမွှေးမဆလာ၊ ဆားအနည်းငယ်၊ မုန်လာဥနီ၊ ဂျူးဖူး၊ ကြက်သွန်နီ၊ နှမ်းဆီ၊ ငရုပ်ကောင်းတို့ကိုလည်း ထည့်ပြီး နှံ့အောင်နယ်ရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးထဲကို အဲ့အစာများကို သွပ်ထည့်ပါ။ နောက်ဆုံးမှာ Micro Wave ထဲသို့ မိနစ် (၃၀) ခန့် ထားပါ။ ပြီးရင် ချိစ်ထည့်ပြီး ၂ မိနစ်ခန့် Micro Wave ထဲသို့ထပ်ထည့်ပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အနံ့အရသာ ပြည့်စုံတဲ့ ခရမ်းချဉ်သီး ဝက်ပုဇွန်အစာသွပ် ဟင်းလျာလေးကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Photo by MLTV

Photo by MLTV
Photo by MLTV
Photo by MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။