ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) တွင်ယနေ့ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။ ယင်း ပွဲစဉ်မှာတော့ ဧရာဝတီယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ ကစားပုံတွေကတော့ ပရိသတ်တွေ အတွက်အကြိုက်တွေ့စေခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ရမှတ်တူအသင်းများဖြစ်ကြသည့်နည်းတူ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ဂိုးရရှိရေးကိုသာ အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း နှစ်ဖက်အသင်း ခံစစ်မှုးများနှင့်ဂိုးသမားများက ကာကွယ်နိုင်ခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရရှိပဲ သရေရလဒ် နှင့်သာပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းတွင်နှစ်သင်းစလုံးမှလူစားလဲမှုများ ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲကိုပိုမိုအားကောင်းစေခဲ့ကာ ပရိသတ်တွေအတွက်အကြိုက်တွေ့စေခဲ့တဲ့ပွဲကောင်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဧရာဝတီအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်၆၇မိနစ်တွင်လွင်မိုးအောင်၏ဖြတ်တင်ဘောမှတဆင့် ဆာဆက်မှ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။လက်ကျန်မိနစ်များတွင် ရန်ကုန်အသင်းသည်ချေပဂိုးရရန်အစွမ်းကုန်ကြိုးစားသော်လည်း ဂိုးမရရှိပဲ အရှုံးနှင့်သာရင်ဆိုင်ခဲ့ရပါတယ်။ကဲ...ချစ်ပရိသတ်ရေ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။