MPT myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မတ်လ ၇ ရက်နေ့ညနေ ၃း၃၀အချိန် ရခိုင်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဖြစ်သည့် စစ်တွေမြို့ ဝေသာလီကွင်းကြီးထဲတွင် ရခိုင်ယူနိုင်တက်အသင်း နှင့် စစ်ကိုင်းယူနိုက်တက်အသင်း တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်းအပြန်အလှန်တိုက်စစ်ဆင်ကစားကာဂိုးကန်သွင်းမှုအခွင့်အရေး တွေရရှိခဲ့ပေမယ့် ဂိုးအဖြင့်ဖန်တီးနိုင်မှုမရှိပဲ ပြိုင်ဘက်အသင်းရဲ့ အမှားကိုအခွင့်ကောင်းယူကာ ရခိုင်ယူနိုက်တက်အသင်း (၂ - ၁) စစ်ကိုင်းယူနိုက်တက်အသင်းကိုအနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

အဆိုပါပွဲစဉ်တွင် နှစ်သင်းလုံးမှ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းတွက် အဖွင့်ဂိုးကို မင်းကိုသူမှ ၉မိနစ်တွင်သွင်းယူပေးခဲ့ပြီး စစ်ကိုင်းယူနိုက်တက်အသင်းတွက်ခြေပဂိုးကို Friday မှ ပထမပိုင်း ပွဲပြီးဆုံးခံနီး၄၃မိနစ်တွင်သွင်းယူပေးခဲ့ပြီး တစ်ဖက်တစ်ဂိုးစီသရေရလတ်နှင့်ပထမပိုင်းပွဲပြီးဆုံးသွားခဲ့ပါတယ်။ ပွဲစဉ်ကတော့ မာယာကြွယ်တဲ့ တိုက်စစ်ဆင်မှုတွေကလည်း ပရိသတ်အတွက်စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒုတိယပိုင်းတွင်လည်းနှစ်သင်းစလုံးမှ အနိုင်ဂိုးရရှိရန်အစွမ်းကုန်ကြိုးစားကစားခဲ့ပြီး ပွဲပြီးဆုံးခံနီး ၈၆မိနစ်တွင် အောင်ကျော်သူမှ ရခိုင်ယူနိုက်တက်အသင်းတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ရခိုင်ယူနိုက်တက်အသင်း က စစ်ကိုင်းယူနိုက်တက်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ကဲ ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ပွဲစဉ် (၉) တွင် ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်း နှင့်စစ်ကိုင်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။