မကြာမီ ကျင်းပတော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ‌မိမိတို့နေရပ်အသီးသီးတွင် သွားရောက်ဖြေဆိုကြမည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသား အသင်း ကစားသမားများအား အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အမျိုးသမီး ဘောလုံးကော်မတီဥက္ကဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုတိယ ဥက္ကဌ ဒေါ်မြတ်မြတ်ဦးနှင့် MFF အထွေထွေ အတွင်းအရေးမှူး ဦးကိုကိုသိန်းတို့ သွားရောက်တွေ့ဆုံခဲ့ကြပြီး အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် တိုက်တွန်းအားပေးခဲ့ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

MFF အနေဖြင့် မြန်မာ ယူ၁၉ အမျိုးသမီး အသင်းအား နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ကြိုတင်လေ့ကျင့်ချိန် ကာလအတွင်း ကျောင်းစာသင်ချိန်များ ထည့်သွင်းရေးဆွဲကာ ပြင်ပမှဆရာများဖြင့် လာရောက်ပို့ချစေခဲ့ပါတယ်။ အာရှယူ၁၉ ဖိုင်နယ်ပွဲစဉ်များ အပြီးတွင်လည်း ကစားသမား များအား ပြန်လည်စေလွှတ်ခြင်း မရှိဘဲ တက္ကသိုလ်ဝင်တန်း ဖြေဆိုရေး အတွက် ဆက်လက် သင်ကြားမှုများ ပြုလုပ်၍ စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် အားစိုက် လေ့ကျင့်ပေးခဲ့ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

မြန်မာ့လက်ရွေးစင်လူငယ်ကစားသမားတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေအတွက် ကြိုတင်လေ့ကျင့်ပေနေသလို ပညာရေးဘက်မှာလည်း ထူးချွန်ထက်မြတ်အော် MFF မှ အအောင်ဆုံး ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ လာမယ့် တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မြန်မာလက်ရွေးစင် ကစားသမားတွေ အကောင်းဆုံး ဖြေဆိုနိုင်ပါစေလို့ ပရိသတ်ကြီးရေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်။ ကဲ.... ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် မြန်မာ ယူ၁၉ အမျိုးသမီးအသင်းနှင့် မြန်မာ ယူ၁၆ အမျိုးသား အသင်း ကစားသမားများအား MFF တာဝန်ရှိသူများ တွေ့ဆုံအားပေးခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

Photo Credit - Myanmar Football Federation Facebook Page

Source - Myanmar Football Federation Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။