MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ် တစ်ပွဲအဖြစ် မတ်လ ၇ ရက်နေ့ ညနေ ၃:၃၀ အချိန်က မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ရတနာပုံအသင်း နှင် ချင်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာတော့နှစ်ဖက်အသင်းတွေကအပြန်အလှန်တိုက်စစ်ဆင်ကစားကာ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ ရတနာပုံအသင်း က ချင်းယူနိုက်တက် အသင်း ကို( ၂ - ၁)ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

နှစ်ဖက်အပြန်အလှန် သွင်းဂိုးများကြောင့်အကြိတ်အနယ် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ချင်းအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၆ မိနစ်တွင် Sammuel က သွင်းယူခဲ့ပြီး ရတနာပုံ အသင်းအတွက် ပွဲကစားချိန် ၆၉မိနစ် တွင် ဝင်းနိုင်စိုး မှ ချေပဂိုး၊ ပွဲကစားချိန် ၇၉မိနစ် တွင် လှိုင်းဘိုဘို က အနိုင်ဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ရတနာပုံအသင်းက ချင်းယူနိုက်တက်အသင်းကိုအကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ကာ (၂-၁) ဂိုးဖြင့် အနိုင်ရယူခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒီနှစ်သင်းရဲ့ အားပြိုင်မှုတွေကလည်း ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ရသတစ်ခုကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်(၈) အပြီး ဒီနှစ်သင်းရဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို တင်ပြရမယ်ဆိုရင်လည်း ရတနာပုံအသင်းက ရမှတ် ၇ မှတ်ဖြင့် အဆင့် ၇ နေရာမှာ ရှိပြီ ချင်းယူနိုက်တက်အသင်း ကတော့ ရမှတ် ၄ မှတ်သာရရှိထားပြီး အဆင့် ၁၁ မှတ် ရပ်တည်နေတဲ့ အသင်းပဲဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ပွဲစဉ် ၉ အဖြစ် ရတနာပုံအသင်း နှင့် ချင်းယူနိုက်တက်အသင်း တို့ရဲ့ ပွဲပြီးရလဒ်တွေကိုပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။