ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အမြန်ဆုံးကားဆိုပြီး ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ "Bugatti Veyron Super Sport" ကားအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဘူဂတ်တီဗိုင်ရွန် ပြိုင်ကားဟာ တစ်နာရီလျှင် ၄၃၁ကီလိုမီတာ(၂၆၈မိုင်) အမြန်နှုန်းဖြင့် မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။

photo credit pngtree

ယနေ့လက်ရှိ ကမ္ဘာပေါ်မှာ လမ်းများပေါ်တွင် တရားဝင် မောင်းနှင်ခွင့်ရှိတဲ့ မော်တော်ကားများအနက် အမြန်ဆုံး ကားအမျိုးအစားအဖြစ် ရပ်တည်လျက်ရှိပါတယ်။ လမ်းပေါ်တွင် တရားဝင်မောင်းနှင်ခွင့်ရှိသော ကားများတွင် နမူနာ ဖန်တီးထားတဲ့ ကားများ၊ အထူးဖန်တီးပြုပြင်ထားသော ကားများမပါဝင်ပါဘူး။ ဘူဂတ်တီဗိုင်ရွန် ပြိုင်ကား အစီးရေ ၃၀ ကျော်ထုတ်လုပ်ခဲ့ပြီး ကား ငါးစီးကသာ ကမ္ဘာ့အမြန်ဆုံး မောင်းနိုင်သော ကားများအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အခြား၂၅ စီးဟာ အမြန်နှုန်းထိန်း ကိရိယာကို ပိတ်ထားမှသာ သတ်မှတ်ထားတဲ့ စံချိန်အတိုင်း မောင်းနှင်နိုင်ကြတာ ဖြစ်ပါတယ်။ ကားကျွမ်းကျင်သူများ အဖွဲ့က စစ်ဆေးအကဲ ဖြတ်ပြီးတဲ့နောက်မှာ အမြန်နှုန်းထိန်းကိရိယာ မပိတ်ဘဲ တစ်နာရီလျှင် ၄၃၁ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ ပြိုင်ကား ငါးစီးကို ဂရင်းနစ်စံချိန်တွင် ထည့်သွင်းကာ ကမ္ဘာ့အမြန်ဆုံးကားများအဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။