ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင် ကိုကျင်းပလာတာဟာယခုဆိုရင် ပွဲစဉ် (၉) ကို ရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ အသင်းတိုင်းရဲ့ ပိုမိုပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပရိသတ်တွေအတွ ကောင်းမွန်လာတဲ့ ပွဲစဉ်တွေဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်း တို့ကတော့ မတ်လ ၇ ရက်နေ့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ယင်း ပွဲစဉ်မှာတော့ ဧရာဝတီယူနိုက်တက် အသင်းက ရန်ကုန်ယူနိက်တက်အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ချန်ပီယံ ဖြစ်ဖို့ကြိုးစားနေတဲ့ ဒီနှစ်ရဲ့ ပွဲစဉ်ကို ဧရာဝတီယူနိုက်တက် အိမ်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နေဒေသခံ များနှင့် နှစ်ဖက်အသင်းရဲ့ ပရိသတ်တွေကတော့ သောင်းသောင်းဖြဖြ လာရောက်အားပေးခဲ့ကြပါတယ်။ ပွဲပြီးမှာလည နှစ်ဖက်အသင်းက ပရိသတ်တွေကတော့ ကစားသမား များ နှင့် အမှတ်ရတ ဓာတ်ပုံတွေလည်းရိုက်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ပရိသတ်တွေက ကွင်းလုံးပြည့်ဆိုသလို့ လာရောက်အားပေးကာ ကောင်းမွန်တဲ့ရသတစ်ခုကိုပေးစွမ်းနိုင်ခဲ့တဲ့ ဧရာဝတီရဲ့ ပွဲစဉ်ကတော့ ပြီးပြည့်စုံခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ပွဲ(၈)အပြီးမှာလည်း ရမှတ် တူကာ ဂိုးကွာခြားချက်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက အဆင့်၂ နေရာရပ်တည်ပြီး ဧရာဝတီယူနိုက်တက်အသင်းက အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရန်ကုန်ယူနိုက်တက် နှင့် ဧရာဝတီယူနိုက်တက် တို့ရဲ့ ပွဲစဉ်ကို နှစ်ဖက်အသင်းရဲ့ အမာခံပရိသတ်များ လာရောက် အားပေးခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။