MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-9) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ သုံးနာရီခွဲက ပဲခူးမြို့၊ Grand Royal ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီအသင်းမှ ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဟံသာဝတီယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၈ မိနစ်နှင့် ၂၃ မိနစ်တို့တွင် မျိုးဇော်ဦးမှလည်းကောင်း၊ ၃၄ မိနစ်တွင် ဟိန်းထက်အောင်မှ လည်းကောင်း၊ ၈၄ မိနစ်တွင် အီမီဂါမှလည်းကောင်း၊ ၈၈ မိနစ်တွင် ဒိုနယ်ဘစ်ဆာမှလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ကြပါတယ် ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဟံသာဝတီယူနိုက်တက်အသင်းဟာ ယနေ့ပွဲတွင် အနိုင်ရခဲ့သည့်အတွက် ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်ခဲ့ပါတယ် ။ဟံသာဝတီယူနိုက်တက်အသင်းက အနီရောင်ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်သလို ISPE အသင်းက အဖြူရောင်ဂျာစီ ဝတ်ဆင်ကစားခဲ့ကြတာဖြစ်ပါတယ်။ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဖလားရယူဖို့ အခြေနေ​ကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ 

source - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။