မိဘနှစ်ပါးက သမီးကို ၁၀ ပတ်ကြာ အစားမစားဘဲဥပုသ်စောင့်ခိုင်းသောကြောင့် သေဆုံးသွား

၁၀ ပတ်ကြာ ဘာသာရေးအတွက် အစာရှောင်ဥပုသ်စောင့်မှုအပြီး ၁၃နှစ်အရွယ် ကလေးမလေး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ၁၃ နှစ်အရွယ်အိန္ဒိယကလေးမရဲ့ မိဘနှစ်ဦးဟာ သမီးသေဆုံးမှုနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ "မိဘနှစ်ပါးဖြစ်တဲ့ Laxmi Chand နဲ့ Manshi Samdariya တို့မှာ လူသတ်မှုနဲ့ မကင်းတဲ့အတွက် လူငယ်တရားစီရင်ရေးအက်ဥပဒေ ကျူးလွန်သူစာရင်းမှာ မှတ်တမ်းတင်ထားကြောင်း" ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသတင်းကို ကိုးကားပြောဆိုခဲ့ပါတယ်။

ကလေးမဟာ မိသားစုထဲ ကံကောင်းခြင်းယူဆောင်ဖို့ အစာရှောင်ဥပုသ်စောင့်ခဲ့တာလို့ Times of India သတင်းအရ သိရပါတယ်။ "သူမ ဖခင်ရဲ့ ဆရာက ဒီမိသားစုကို ၆၈ ရက် ဥပုသ်စောင့်အစာရှောင်ရင် စီးပွားဖြစ်ထွန်းမယ်လို့ အကြံပြုခဲ့ကြောင်း" ကလေးငယ်များ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Achyut က ဘီဘီစီဟိန္ဒီအစီအစဉ်ကို ပြောပြခဲ့ပါတယ်။

Aradhana Samdariya ဟာ အိန္ဒိနိုင်ငံတောင်ပိုင်း Hyderabad မြို့အခြေစိုက် ချမ်းသာတဲ့ လက်ဝတ်ရတနာဆိုင်ရှင်ရဲ့ သမီးဖြစ်ပါတယ်။ ဒီမိသားစုဟာ အဲဒီအရပ်ဒေသရဲ့ လူနည်းစုကိုးကွယ်တဲ့ဘာသာ Jain ဘာသာကို ယုံကြည်လက်ခံသူတွေ ဖြစ်ပါတယ်။ မိဘတွေကတော့ ကလေးကို အတင်းအဓ္ဓမအစာမရှောင်ခိုင်းကြောင်း၊ သူမကိုယ်ပိုင် သဘောဆန္ဒအရရောက်လာပြီး အခွင့်တောင်းခဲ့တာဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

"၅၁ ရက်ကြာပြီးနောက် သူမကို အစာရှောင်ရပ်ဖို့ ပြောခဲ့ပေမယ့် သူမ လက်မလျှော့ခဲ့ပါဘူး။ သူမဆန္ဒအလျောက် အစာရှောင်ခြင်းဖြစ်ကြောင်း၊ သူမကို သူဘယ်မှ အတင်းမတိုက်တွန်းကြောင်း" ဖခင်ဖြစ်သူ Manshi က ဆိုပါတယ်။ တစ်မျိုးသားလုံးအနေနဲ့ ဒီလို အစဉ်အလာမျိုးကို ကျင့်သုံးမနေသင့်တော့ကြောင်း Rao က ပြောဆိုခဲ့ပါတယ်။

ဘာသာရေးအမြောက်အများမှာ အစာရှောင်မှု ကျင့်သုံးနေပေမယ့် ခုလိုသေရလောက်အောင် အချိန်ကြာမြင့်စွာ အစာရှောင်ခြင်းအမှုက Jain ဘာသာရေးရဲ့လက်ခံထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။