ပရိသတ်ကြီးရေ MPT Myanmar National League ll 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ကျင်းပလာတာဟာယခုဆိုရင် ပွဲစဉ်(၆) ပြိုင်ပွဲတွေ ယှဉ်ပြိုင်လို့ ပြီးခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်(၆) အပြီး အမှတ်ပေးဇယား ရပ်တည်မှုများကို တင်ပြရမယ်ဆိုရင် ချင်းလန်းအသင်း က ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၁ နေရာမှာဦးဆောင်ခဲ့ပါတယ်။ Junior Lions အသင်းကတော့ ရမှတ် ၁၂ မှတ်ဖြင့် အဆင့်၂ နေရာမှာရပ်တည်ခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page

မြဝတီအသင်းကတော့ Junior Lions အသင်း နှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်ဖြင့် အဆင့်၃ နေရာကို ရောက်ရှိခဲ့ပါတယ်။ တက္ကသိုလ်များအသင်း က ရမှတ် ၁ဝ မှတ်ဖြင့် အဆင့် ၄ ၊ မောရဝတီအသင်းက ရမှတ် ၆ မှတ်ဖြင့် အဆင့်၅ ၊ ငွေကြယ်ပွင့်များ အသင်း က ရမှတ်၅မှတ်ဖြင့် အဆင့် ၆ ၊ ကချင်အသင်းက ရမှတ် ၄ မှတ်သာရရှိထားပြီး အဆင့်၇ နှင့် ယောမြေအသင်း က ရမှတ်တစ်မှမရှိသေးသဖြင့် အမှတ်ပေး ဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page

ပွဲစဉ် (၆) ရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲရလဒ်တွေကို ဖော်ပြရမယ်ဆိုရင် မြဝတီအသင်း (၃-၁) ယောမြေ ၊ မောရဝတီအသင်း (၂-၃) တက္ကသိုလ်များအသင်း ၊ ကချင်ယူနိုက်တက် (၂-၂) ငွေကြယ်ပွင့် တို့အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ MPT Myanmar National League ll ပွဲစဉ် (၆)အပြီး ပွဲရလဒ်များနှင့် အမှတ်ပေးဇယား များကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League ll Facebook page

Source - Myanmar National League ll Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။