ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Stonehenge" (စတုန်းဟင့်ချ်) လို့အမည်ရတဲ့ ဥရောပတိုက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်းမော်ကွန်းတိုင်များအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဗြိတိန် နိုင်ငံမှာရှိတဲ့ စတုန်းဟင့်ချ်အား လာရောက်ကြည့်ရှုကြသူများဟာ စတုန်းဟင့်ချ်ရဲ့ ပုံသဏ္ဍာန်၊ လျှို့ဝှက်နက်နဲသော သမိုင်းကြောင်းများနှင့်အတူ ကျောက်တိုင်များကို ထူးထူး ဆန်းဆန်း ပြုလုပ်ထားပုံကို သဘောကျ စွဲလန်းမိကြတာ ဖြစ်ပါတယ်။ စတုန်းဟင့်ချ် ကျောက်တိုင်အကြွင်းအကျန်များဟာ ဗြိတိန်နိုင်ငံ ဆော့ဘာရီ တောင်ကြားတွင် တည်ရှိပါတယ်။ ထိုကျောက်တိုင်များအနက် အချို့ဟာ အလေးချိန် လေးတန်ကျော် လေးလံသော်လည်း ဝေလပြည်နယ်တောင်ပိုင်းမှ ယူဆောင် လာခဲ့ကြတာလို့ ယုံကြည်ကြပါတယ်။

photo credit pngtree

စတုန်းဟင့်ချ် ကျောက်တုံးတွေဟာ အရွယ်တူ ကျောက်တုံးတစ်တုံးစီကို အလျားလိုက် တင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပလ္လင်ကျောက်တုံး တစ်တုံးကို အလယ်တွင် ချထားတာပြီးတော့ မြင်းခွာပုံ ကျောက်တိုင် နှစ်ခုက ဘေးကနေ ဝန်းရံထားတာပါ။ စတုန်းဟင့်ချ် ကျောက်တိုင်များအား ဘယ်လို အထိမ်းအမှတ်တစ်ခုအဖြစ် ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်ဟာ ယနေ့အချိန်ထိ ပဟေဠိဖြစ်ဖွယ် ကျန်ရှိနေတာ ဖြစ်ပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။