Clement Teo (Head Coach, Hougang United) ကတော့ ရန်ကုန်ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲအတွက် ကျွန်တော်တို့ သေချာ အချိန်ယူပြီပြင်ဆင်ထားပါတယ်။ ရန်ကုန်ယူနိုက်တက်က အတော်လေး တောင့်တင်းတဲ့ အသင်းပါ။ သူတို့ အုပ်စုတွင်း ကစားထားတဲ့ ဟိုချီမင်း စီးတီးနဲ့ပွဲ၊ လာအိုတိုယိုတာနဲ့ ပွဲတွေကို သေချာ ကြည့်ထားပြီး ပြင်ဆင်မှုတွေ သေချာ လုပ်ထားပါတယ်။ မနက်ဖြန်ပွဲမှာ ရလဒ်ကောင်း ရယူနိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်။

Photo Credit - yangon united Facebook page
Photo Credit - Myanmar National League Facebook page

ဟောင်အန်းယူနိုက်တက် အသင်းနည်းပြကတော့ တိုက်စစ်က Plazibat က ကျွန်တော်တို့အသင်း ရထားတဲ့ ၅ ဂိုးမှာ ၄ ဂိုးကို သွင်းထားနိုင်တယ် ဆိုပေမယ့် ကျွန်တော်တို့က သူတစ်ယောက်တည်းနဲ့ ဘောလုံး ကစားနေတာ မဟုတ်ပါဘူး။ ဘောလုံးဆိုတာ ၁၁ ယောက် ကစားရတာပါ။ ကျွန်တော်တို့ Team Work ကို အလေးထား တည်ဆောက်ထားပါတယ်။ သူလည်း တစ်ယောက်တည်း ကစားနိုင်မှာ မဟုတ်ပါဘူး။ အသင်းဖော်တွေကြောင့် ဂိုးတွေ ရတာပါ။ ကျွန်တော့် အသင်း တိုက်စစ်ပိုင်းက တစ်ဦးတစ်ယောက်တည်းကို မှီခိုတာမျိုး မရှိပဲ တစ်ကယ့်ကို လွတ်လွတ်လပ်လပ် ကစားနိုင်ကြပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဦးတင်မောင်ထွန်း (နည်းပြချုပ်၊ ရန်ကုန်ယူနိုက်တက်)ကတော့ ဟောင်အန်းက သတိထားရမယ့် အသင်းပါ။ ပြီးခဲ့တဲ့ ဟိုချီမင်းနဲ့ပွဲမှာတုန်းက ဟောင်အန်း အသင်းက ၃−၀ အရှုံးက နောက်က ၂ ဂိုးလိုက်သွင်းပြီး ၃−၂ ဖြစ်အောင် ကစားခဲ့ပါတယ်။ သူတို့ရဲ့ ခြေစွမ်းနဲ့ ကြိုးစားမှုက အသိအမှတ်ပြုရမှာပါ။ လာအိုတိုယိုတာထက် ပိုပြီး ကစားရခက်မယ်လို့ ထင်ပါတယ်။အိမ်ကွင်း ၃ ပွဲဆက် အရင်ကန်ရတာ ဆိုတော့ အခု ဟောင်အန်းနဲ့ ကစားရမယ့်ပွဲကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒီပွဲကို အနိုင်ရလိုက်ရင် ၇ မှတ် ရသွားမှာ ဖြစ်လို့ ကျွန်တော်တို့အသင်း ဆီမီးတက်ဖို့ အခြေအနေ ကောင်းသွားမှာပါ။ မနက်ဖြန်ပွဲက မနိုင်နိုင်အောင် ကစားရမှာပါဆိုပြီးပြောထားခဲ့ပါတယ် ။

Photo Credit - Myanmar National League  Facebook page

Photo Credit - Myanmar National League Facebook page
Photo Credit -yangon united Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။