ရန်ကုန်ယူနိုက်တတ်မြတ်ခင်းတုကွင်းမှာ ကစားခဲ့ကြတဲ့  အားကာသိပ္ပံယူ၁၉အသင်းနဲ့ ရှမ်းယူနိုက်တက်ယူ၁၉အသင်း ပွဲစဥ်ကတော့  တစ်ဖက်တစ်ဂိုးစီနဲ့သာ ပြီးဆုံးခဲ့ကြပါတယ် ။ ယူ၁၉ ပြိုင်ပွဲ ပထမပိုင်းပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်ယူ၁၉အသင်းက အားကာသိပ္ပံ ယူ၁၉အသင်းကို (၁ ဂိုး ဂိုးမရှိဖြင့်) ဦးဆောင်ထားပါတယ်။

photo credit: shan united fc' s facebook page
photo credit: shan united fc' s facebook page

ရှမ်းယူနိုက်တက်ယူ၁၉အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ အေးမင်းသူက ပင်နယ်တီကတဆင့်သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ အားကာသိပ္ပံ ယူ၁၉အသင်းအနေနဲ့ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန်၅၁မိနစ်မှာ ထွန်းလင်ဇော်က သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

photo credit: shan united fc' s facebook page
photo credit: MLN ' s facebook page

ပွဲ ပြီးဆုံးချိန်မှာတော့ အားကာသိပ္ပံ ယူ၁၉အသင်းနဲ့ ရှမ်းယူနိုက်တက် ယူ၁၉အသင်းတီု့ရဲ့ ပွဲစဉ်ဟာ တစ်ဘက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။တစ်ခြားပွဲစဥ်တစ်ပွဲဖြစ်တဲ့ Myawady FC နဲ့ Chinland FC တို့ပွဲမှာတော့ Myawady FCက 4ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

source: shan united fc' s facebook page 

photo credit: shan united fc' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။