ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာကျော်တံတားကြီးတွေဖြစ်တဲ့ "Henderson Waves"၊ "Doha Sharq Crossing Bridge"၊ "The Rolling Bridge UK" တို့အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

Photo credit Once A Glance Page

Henderson Waves တံတားကြီးကတော့ စင်္ကာပူနိုင်ငံ Henderson လမ်းပေါ်ရဲ့ ပေ ၁၁၈ အမြင့်မှာတည်ရှိပါတယ်။ Mount Faber ပန်းခြံနဲ့ Telok Blangah Hill ပန်းခြံကို ဆက်သွယ်ပေးထားတဲ့ ရေလှိုင်းပုံ တံတားကြီးပဲ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားလာရောက်ကြတဲ့ နေရာလို့လည်း ပြောလို့ရပါတယ်နော်။

Photo credit Once A Glance Page
Photo credit Once A Glance Page

"Doha Sharq Crossing" တံတားကြီးကတော့ ကာတာနိုင်ငံမှာ ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ထိုတံတားကြီးဟာ ရေအောက်လှိုင်ခေါင်းများဖြင့် တံတားသုံးခုကို ဆက်သွယ်ထားတာဖြစ်ပါတယ်။ အဲ့လိုဆက်သွယ်ဖို့ကို ဒေါ်လာ သန်းပေါင်းများစွာ အကုန် အကျခံပြီး ပြည်သူတွေ ရဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် အပန်းဖြေဖို့ တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် "The Rolling Bridge UK" တံတားကြီးဟာ လန်ဒန် Paddington Basin မှာရှိပါတယ်။ ထိုတံတားကြီးဟာ ခွေခေါက်ပြီး စက်ဝိုင်းပုံ သိမ်းစည်းနိုင်ပါတယ်။ တြိဂံပုံ ဖရိန် ၈ ခုပါရှိတဲ့ ထိုတံတားကြီးတွင် လျှောက်လမ်းများနှင့် လက်ရမ်းများပါဝင်တယ်လို့လည်း သိရပါတယ်။

Source Once A Glance Page

Photo credit Once A Glance Page 

Photo credit Once A Glance Page
Photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။