MPT Myanmar National League II 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆု ချီးမြှင့်ခြင်းကို မတ် ၉ ရက် ညနေက ကစား လျက်ရှိသည့် ချင်းလန်းအသင်းနှင့် Junior Lions အသင်းတို့ ပွဲစဉ်မစတင်မီ၌ ချီးမြှင့်ခဲ့ပါတယ်။ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ချင်းလန်းအသင်း နည်းပြချုပ် ဦးဘုန်းနိုင်မှ ရရှိခဲ့ပြီးအကောင်းဆုံး ကစားသမားဆုကို ချင်းလန်း အသင်းတိုက်စစ်မှူး Mung Theih Pau တို့မှ ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page
Photo Credit - Myanmar National League ll Facebook page

နည်းပြဦးဘုန်းနိုင် သည် ပွဲစဉ်ငါးပွဲကစားပြီးချိန်အထိ ငါးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သလို တိုက်စစ်မှူး Mung Theih Pau သည်လည်း အသင်းတွင် အကောင်းဆုံးခြေစွမ်း ပြလျက်ရှိပြီး ငါးပွဲ ကစားပြီးချိန်တွင် အသင်းအတွက် ခြောက်ဂိုး သွင်းယူပေး ထားပါတယ်။ တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page
Photo Credit - Myanmar National League ll Facebook page

ချင်းလန်းအသင်းကတော့ လက်ရှိအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အသင်းဖြစ်သလို ပွဲစဉ်တွေမှာ ရှုံးပွဲမရှိထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေကလည်းပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစား ပြီး ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့MPT Myanmar National League II 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆု ချီးမြှင့်ခဲ့တာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League ll Facebook page

Source - Myanmar National League ll Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။