ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာကျော် ဇိမ်ခံပစ္စည်းအမျိုးအစားစာရင်းဝင်တဲ့ အရာတွေထဲကမှ တစ်ခုဖြစ်တဲ့ ဒေါ်လာ နှစ်သိန်းကျော်တန် အရက်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလောအနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။
ဒေါ်လာနှစ်သိန်းကျော်ကို အရက်ဖိုးအဖြစ် ဘယ်သူကမှ သုံးစွဲကြမယ်လို့ မထင်ပါဘူးနော်....။ သို့သော်လည်း ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က တီကေလာလိုင် (Tequila Ley) ကုမ္ပဏီဟာ ပလက်တီနမ်နှင့် ရွှေဖြူများဖြင့် ပြုလုပ်ထားတဲ့ အရက်တစ်ပုလင်းကို မက္ကဆီကို နိုင်ငံမြို့တော်မှာ ဒေါ်လာ (၂၂၅၀၀၀) ဖြင့် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ထိုဈေးတန်ဖိုးမြင့်မားလှတဲ့ အရက်ပုလင်းကို ရှားပါးပစ္စည်းစုဆောင်းသူ တစ်ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ထိုပုလင်းအတွင်းမှာ ထည့်သွင်းထားသော အရက်ကတော့ အပြာရောင် အဂေ့ဗ် ဖျော်ရည် (၁၀၀) ရာခိုင်နှုန်းဖြင့် ချက်လုပ်ထားပြီး ခြောက်နှစ်ကြာ သိုလှောင်ထားတဲ့ အရက်ပဲ ဖြစ်ပါတယ်။ ထိုကုမ္ပဏီဟာ ကမ္ဘာပေါ်တွင် တန်ကြေး အမြင့်ဆုံး အရက်ပုလင်းကို ရောင်းချနိုင်သူအဖြစ် ဂရင်းနစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ပလက်တီနမ် အရက်ပုလင်းကို မဝယ်ယူနိုင်ပါက ရွှေငွေများဖြင့် ပြုလုပ်ထားသော တီကေလာကိုတော့ ဒေါ်လာ နှစ်သောင်း ငါးထောင် ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။