ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ ဈေးတန်ဖိုးမြင့်မားလှသော ဇိမ်ခံအိမ်ကြီးတွေထဲကမှ တစ်ခုဖြစ်တဲ့ "Updown Court" အပ်ဒေါင်းကောင့် ဇိမ်ခံအိမ်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အပ်ဒေါင်းကောင့် (Updown Court)ဟာ လန်ဒန်မြို့မှ ၂၅ မိုင်အကွာတွင် တည်ရှိတာဖြစ်ပါတယ်။ ၁၉ ရာစုမှစတင်ပြီး အင်္ဂလန်နိုင်ငံရဲ့ အရေးအကြီးဆုံးသော ပုဂ္ဂလိက လူနေအိမ်ကြီးတစ်လုံးဖြစ်ခဲ့ပါတယ်။ ခြံတစ်ခုလုံးကို ထူးထူးခြားခြား သံတံခါးကြီး နှစ်ချပ်ဖြင့် တပ်ဆင် ကာရံထားပြီး အဲ့နောက်မှာတော့ ကြီးကျယ်ခမ်းနားလှပစွာ တည်ဆောက်ထားသော အိမ်ကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထိုခြံကြီးနှင့်အိမ်ကြီးကို ပေါင် ၈၅ သန်း (ဒေါ်လာသန်း ၁၅၀ကျော်) ဖြင့်ရောင်းချရန် ဈေးနှုန်းကပ်ခဲ့ပါတယ်။ အဲ့အိမ်ကြီးအတွင်းမှာလည်း အခန်းပေါင်း ၁၀၃ ခန်း၊ ရေကူးကန် ငါးခု၊ ၂၄ ကာရက်ရွှေဖြင့် အုပ်ထားသော မှန်စီရွေချ ကြမ်းခင်းတို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

photo credit pngtree

ဒါ့အပြင် အဲ့အိမ်ကြီးအတွင်းမှာ စကွပ်ချ် ကစားကွင်းတစ်ခုနှင့်အတူ ဘိုးလင်းရုံတစ်ခု၊ တင်းနစ်စ်ကွင်းတစ်ကွင်း၊ လူ ၅၀ အတွက် ထိုင်ခုံများ ပြုလုပ်ထားသော ရုပ်ရှင်ခန်းတစ်ခန်း၊ ကြွေပြားခင်းထားသော ကားမောင်းကွင်းတစ်ခုနှင့် ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြေအောက်ကားရုံတွင် လီမွန်ဆင်းကား ရှစ်စီးစာရပ်နားနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး အပ်ဒေါင်းကောင့်ရဲ့ အနီးပတ်ဝန်းကျင်မှာတော့ ဗြိတိန်ဘုရင်မကြီးရဲ့ ဝင်ဆာ ရဲတိုက်နှင့် အင်္ဂလိပ်လူမျိုး စန္ဒယားပညာရှင် အယ်လ်တန်ဂျွန်နေထိုင်သောအိမ် တည်ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။